မိုးသည်းထန်မှုကြောင့် မန်းချောင်းရေလျှံပြီး မန်းရွှေစက်တော်ရေလွှမ်းနေ May 14, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၄ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်မှာ မိုးသည်းထန်မှုကြောင့် မန်းချောင်းရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်အချိန်မှာ စူပါဆိုက်ကလုန်းအဆင့်လွန် အဆင့်အဖြစ်နဲ့ မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီကို ၁၆၇ မိုင် အထက်နဲ့ ရခိုင်ကမ်းရိုးတမ်းဒေသကိုရောက်ရှိမှာဖြစ်ပြီး မုန်တိုင်းစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ အဲဒီမုန်တိုင်းအရှိန်ကြောင့် ကုန်တွင်းပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှု အားကောင်းနေပြီး လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ မကွေးမင်းဘူးမန်းရွှေစက်တော်ရေလျှံ
နိုင်ငံရေး စစ်တပ်ထုတ်ကုန်တွေ တင်လာတဲ့ ကုန်ကားကို ထီးလင်း PDF ကဖမ်းပြီး မြန်မာဘီယာတွေကို ဖျက်ဆီး October 19, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၁၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ-ဂန့်ဂေါ လမ်းပိုင်းတနေရာမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ သယ်ယူလာတဲ့ ကုန်ကားတစီးကို ဖမ်းဆီးသတိပေးခဲ့ပြီး မြန်မာဘီယာ (၁၅)ဖာကိုတော့ ဖျက်ဆီးလိုက်တယ်လို့ ဒေသအခြေစိုက် PDFတပ်ရင်းတခုဖြစ်တဲ့ YRA တပ်ဖွဲ့က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ပခုက္ကူကနေ ချင်းတောင်ပေါ်တက်မယ့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ ပေါက်မြို့နယ်မရောက်မီ ကားရှစ်စီးပျက်စီး April 5, 2024 နိုင်ငံရေး ဧပြီ၊ ၅ မကွေးတိုင်း ပခုက္ကူမြို့ကနေ ချင်းတောင်ပေါ်အထိ ရိက္ခာသွားပို့မယ့် စစ်ကောင်စီယာဉ်တန်းကို ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းပေါ်မှာ တိုက်ခိုက်မှုတွေလုပ်ခဲ့ရာမှာ စစ်ကောင်စီဘက်ကအထိနာပြီး ယာဉ်တန်းထဲက ကားရှစ်စီးမီးလောင်ပျက်စီးသွားတယ်လို့ ပခုက္ကူခရိုင် PDFတပ်ရင်း-၁၃ က ထုတ်ပြန်ပါတယ်။ အဲ့ဒီစစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မတ်လ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို တိုက်ခိုက်၊ စခန်းမှူးအပါအဝင် ၅ ဦးသေ February 24, 2022 ဒေသအလိုက် သတင်းကဏ္ဍ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရေပြာရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ညနေ့ ၄ နာရီလောက်က ပေါက်မြို့နယ် ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နဲ့မဟာမိတ် [ဆက်လက်ဖတ်ရှုရန်]