စစ်ကောင်စီရဲ့ လက်နက်ဥပဒေအရမောင်းချဓား ဆောင်ထားရုံနဲ့ အနည်းဆုံး ထောင်ခြောက်လကျနိုင်

မေ၊ ၁၂

သေဒဏ်အထိ အမြင့်ဆုံး ပြစ်ဒဏ်ချနိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေလ ၁၁ ရက်စွဲနဲ့ ပြ ဌာန်းလိုက် ပြီး အဲ့ဒီဥပဒေအရ အသွားသုံးလက်မထက်ပိုတဲ့ မောင်းချဓားဆောင်ထားရုံနဲ့ အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကနေ အများဆုံး သုံးနှစ်အထိကျခံရနိုင်ချေ ရှိနေပါတယ်။

အဲ့ဒီဥပဒေမှာ ဓားသွားသုံးလက်မထက်ပိုတဲ့ မောင်းချဓား၊ဓားရိုးပါ ငါးလက်မထက်ပိုတဲ့ဓား စတာတွေကို တဦးဦး ကိုဘေးအန္တရာယ်ဖြစ်စေဖို့ ဒါမှမဟုတ် ခြောက်လှန့်ဖို့ရည်ရွယ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ကိုင်ဆောင် သွားလာတာ၊လက်ဝယ်ထားရှိတာ၊ပြသတာတွေမလုပ်ရဘူးလို့တားမြစ်ထားပါတယ်။

လက်နက်နဲ့ပက်သက်တဲ့ မှုခင်းတွေက နောက်ဆိုပိုများလာနိုင်တာပေါ့၊ဘာလို့လဲဆိုတော့ အရိုးအသွားငါး လက်မ လောက်ပဲရှိတဲ့ လုပ်ငန်းသဘောအရလိုအပ်လို့ ကိုင်ဆောင်ထားရင်တောင် ရဲတပ်ဖွဲ့က မသင်္ကာဘူးဆိုရင် လက် နက်ဥပဒေနဲ့အရေးယူလို့ရသွားတာပေါ့”လို့ ဥပဒေပညာရှင်တဦးက ပြောပါတယ်။ 

ဒါ့အပြင် အိမ်သုံး၊လယ်ယာသုံး၊စက်မှုလက်မှုလုပ်ငန်းသုံးနဲ့ အခြားလုပ်ငန်းသုံး ဓားတွေကို လက်နက်အဖြစ်အသုံး ပြုဖို့ ရည်ရွယ်ပြီး ကိုင်ဆောင်သွားလာရင်လည်း ဒီဥပဒေအရ လက်နက်သတ်မှတ်ချက်နဲ့အကျုံးဝင်တယ်လို့ဖော် ပြ ထားပါသေးတယ်။

အဲ့ဒီတားမြစ်ချက်ကိုဖောက်ဖျက်ရင် အနည်းဆုံးခြောက်လကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရ မယ် လို့ စစ်ကောင်စီရဲ့လက်နက်ဥပဒေမှာဖော်ပြထားပါတယ်။

အရင်က လက်နက်ဥပဒေအရ ဓားကိုင်ဆောင်မှုဟာ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တဲ့ ပြစ်မှုဖြစ်ပြီး ရဲအရေးပိုင်တဲ့ပြစ်မှုအဖြစ်သတ်မှတ်မထားတာကြောင့် အာမ ခံရ နိုင်ပါတယ်။

 လက်ရှိဥပဒေအသစ်မှာတော့ ငွေဒဏ်ကိုပယ်ဖျက်လိုက်တာကြောင့် လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲအရေး ယူခံရရင် အနည်းဆုံး ထောင်ဒဏ်ခြောက်လချမှတ်ခံရမှာဖြစ်သလို ရဲအရေးပိုင်တဲ့ပြစ်မှုအဖြစ်လည်း သတ်မှတ် ထားတာပါ။

စစ်ကောင်စီရဲ့ လက်နက်ဥပဒေဟာ ခေတ်ကာလနဲ့ မညီတော့လို့ အရင်ဥပဒေပြဌာန်းချက်တွေကို ခေတ်နဲ့အညီ ပြင်ဆင်လိုက်တာမျိုးပါသလို ဒီဥပဒေကို အသုံးချပြီး ပြည်သူတွေအပေါ် ဖမ်းဆီးချုပ်နှောင်၊အရေးယူမှုတွေပို လုပ် နိုင်အောင် ရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတာတွေလည်းပါနေတယ်လို့ ဥပဒေပညာရှင်တဦးက ပြောပါ တယ်။

“အရင်က တရားစီရင်ရေးက အုပ်ချူပ်ရေးကို ထိန်းညှိပေးထားတယ်၊ ဒီပြင်လိုက်တဲ့ဥပဒေက အဲဒါတွေမပါတော့ ဘူး၊ အုပ်ချူပ်ရေးက လွတ်လွတ်လပ်လပ်လုပ်လို့ရသွားတယ်၊ အဲဒါကို မမှန်မကန်အသုံးပြု ရင် တကယ်စိုးရိမ် ဖွယ် ရာ ခြေအနေဖြစ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိလက်နက်ဥပဒေပါပြဌာန်းချက်တွေအရ ရဲတွေက မသင်္ကာတာနဲ့ ရှာဖွေဖမ်းဆီးခွင့်ရှိသွားပြီး ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း တွေပို အားနည်းသွားတဲ့ သဘောဖြစ်သွားတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က လည်းပြောပါတယ်။

“မသင်္ကာရင်ရဲကိုပိုလုပ်ပိုင်ခွင့်ပေးလိုက်တာပေါ့ဗျ၊ဝရမ်းမပါဘဲဖမ်းတယ်ဆိုတာသူတို့လုံခြုံရေးလိုအပ်ချက် ကြောင့် မို့ ဒီမိုကရေစီဘောင်ကို ကျဉ်းပြီးသူတို့လုပ်ပိုင်ခွင့်ကို တိုးချဲ့လိုက်တဲ့ ပြဌာန်းချက်ပါ၊ စစ်ကောင်စီက သူတို့ရဲ့အ တိုက်အခိုက်တွေကို ပိုမိုဖိနှိပ်ဖို့အတွက် အခုဟာက ရဲတွေကိုပိုလုပ်ခွင့်ပေးတယ်ဆိုတာကလည်း ဟုတ်ပါတယ်၊တကယ်ကသူတို့ရဲ့ လုံခြုံရေး ဝန်ထမ်းတွေ အာမခံချက်ရှိအောင် လုံခြုံမှုရှိအောင် လုပ်တာဖြစ် တယ်”လို့ ဦးသန်း စိုးနိုင် ကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လုယက်သတ်ဖြတ်မှုတွေအပါအဝင် မှုခင်းဖြစ်ရပ်တွေ မြင့်တက်လာ တာကြောင့် ကိုယ့်ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက် လက်နက်၊ကိရိယာဆောင်ထားကြဖို့ပြည်သူတွေကြား တိုက် တွန်းနှိုးဆော် မှုတွေရှိခဲ့ပါတယ်။

အဲ့ဒီဥပဒေအရကျင်စက်လိုခန္ဓာကိုယ်လှုပ်ရှားမှုကို ရုတ်တရက်ရပ်တန့်သွားစေတဲ့ကိရိယာ၊တွန်းကန်အား အသုံးပြုပစ် ခတ်ရတဲ့ ကိရိယာ၊အရာဝတ္တုတွေ၊သံ၊သတ္တုတွေနဲ့ လုပ်ထားတဲ့ အချွန်၊မှိန်း၊လှံ၊လှံလိုချွန်ထက်တဲ့ အရာတွေ၊ဒူးလေး၊လေး မြားနဲ့ ချွန်ထက်တဲ့ အရာတွေနဲ့ ပစ်ခတ်နိုင်တဲ့ ကိရိယာတွေကို အလားတူ ကိုင် ဆောင်ရင်လည်း အနည်းဆုံး ထောင်ဒဏ်လခြောက်လကနေ သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဒါ့အပြင်ပစ္စတိုအုပ်စုဝင် သေနတ်ကစလို့ ရိုင်ဖယ်၊စက်သေနတ်၊စက်ကလေး၊ပြောင်းချော၊ဗုံးပစ်၊လေယာဉ်ပစ်၊ လောင်ချာနဲ့ အစိတ်အပိုင်းတွေ၊သေနတ်အစိတ်အပိုင်းနဲ့ ထုတ်လုပ်ရေးကိရိယာတွေ၊ပစ္စည်းတွေကို လိုင်စင်၊ ခွင့်ပြုမိန့်ပါစည်း ကမ်းချက်တွေနဲ့အညီမဟုတ်ဘဲ လက်ဝယ်ထားတာ၊သယ်ယူတာ၊ကိုင်ဆောင်သွား လာတာတွေ ကိုလည်း အလားတူ ပြစ်ဒဏ်သတ်မှတ်ထားပါတယ်။

အထက်ဖော်ပြပါ ဓား၊စက်ကိရိယာ၊သံ၊သတ္တုနဲ့လုပ်ထားတဲ့ချွန်ထက်တဲ့အရာတွေ၊ဒူးလေး၊မြားတို့နဲ့ ပစ်ခတ်နိုင်တဲ့ အရာတွေကို ရောင်းချတာ၊ရောင်းချဖို့အတွက် လက်ဝယ်ထားတဲ့သူတွေကိုတော့ အနည်းဆုံး ထောင်တနှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဆက်လက်ပြဌာန်းထားပါတယ်။

အခုပြဌာန်းလိုက်တဲ့စစ်ကောင်စီရဲ့လက်နက်ဥပဒေကြောင့် အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းမှာ မြင့်တက် လာတဲ့ ခိုး၊ဆိုးလု၊နှိုက် ၊မှုခင်းဖြစ်ရပ်တွေ လျော့ကျသွားမှာမဟုတ်သလို သာမန်ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံတွေက ဖမ်းဆီးငွေညှစ်မယ့် အခြေအနေနဲ့ပါ ပိုပြီးရင်ဆိုင်လာရနိုင်တယ်လို့ မန္တလေးမြို့၊ချမ်း မြသာ စည်မြို့နယ်က အမျိုးသားတဦးကပြောပါတယ်။