မေ၊ ၁၁
ဘင်္ဂလားပင်လယ်အော်ထဲဖြစ်တည်နေတဲ့ မုန်တိုင်းငယ်ဟာ “မိုချာ”မုန်တိုင်းအဖြစ် အမည်ပေးလို့ရတဲ့ အဆင့်ရှိ မုန်တိုင်းတခုဖြစ်လာပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းကို ဦး တည်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန် ပါတယ်။
မုန်တိုင်းကြိုတင်သတိပေးချက် သတ်မှတ်ချက်တွေအရ လိမ္မော်ရောင်အဆင့်သတ်မှတ်မှုဟာ မြန်မာနိုင်ငံဘက်ကို ချဉ်းကပ်လာနေတယ်ဆိုတဲ့သဘောဖြစ်ပြီး ၁၂နာရီအတွင်း ကမ်းရိုးတန်းကို ဖြတ်ကျော်တော့မယ့် အချိန်မှာတော့ အနီရောင် အဆင့်မုန်တိုင်းအဖြစ် သတ်မှတ်ခံရမှဖြစ်ပါတယ်။
အဲ့ဒီနောက်ကမ်းရိုးတန်းကို ရိုက်ခတ်နေတဲ့အချိန်မှာတော့ အညိုရောင်အဆင့် မုန်တိုင်းအဖြစ် သတ်မှတ်ထုတ် ပြန် မှာပါ။စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ဒီကနေ့ မနက် ၇နာရီ ထုတ်ပြန်ချက်အရ မိုချာ ဆိုင်ကလုန်းမုန် တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကြားကနေဖြတ်ကျော်ဝင်ရောက် နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့ မိုးလေဝသ စောင့်ကြည့်သူတဦးဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ အဲ့ဒီမုန်တိုင်းဟာ လက်ရှိမှာ (01B)လို့ အမည်ပေးထားတဲ့မုန်တိုင်းအဆင့်မှာရှိနေပြီး စစ်တွေမြို့ကိုဝင်ရောက်နိုင်ချေ အမြင့်ဆုံးရှိ နေတယ်လို့ ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်ရဲ့အချက်အ လက်တွေကို ကိုးကားသတိပေးထားပါတယ်။
အဲ့ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်ချိန်မှာ အမြင့်ဆုံး လေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)နှုန်းအထိရှိနိုင်ပြီး လူဦးရေနှစ်သန်းအထိ မုန်တိုင်းရိုက်ခတ်မှုကို ခံရနိုင်တဲ့အတွက် ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်ကနေ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန် ထားတယ်လို့ သူကပြောပါတယ်။
အဲ့ဒီစနစ်ကနေ ထုတ်ပြန်လာတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း တို့က လူဦးရေ နှစ်သန်းလောက် အန္တရာယ်ရှိတဲ့ လေပြင်တိုက်ခိုက်မှုကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မုန်တိုင်းကုန်းတွင်း ဝင်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ စစ်တွေမြို့ရဲ့ တောင်ဘက်၊ သံတွဲမြို့အထိ၊ စစ်တွေ မြို့ရဲ့ မြောက်ဘက် ဂွဆုံ၊ သပြေတော၊ ဘူးသီးတောင်၊ မောင်တော စတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ကမ်းခြေ မြို့နဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ မုန်တိုင်းဘေးလွတ်ရာကုန်းမြင့်ဒေသကို မေလ ၁၂ ရက် မတိုင်ခင် အ မြန်ဆုံး ရွေ့ပြောင်းသင့်တယ်လို့ ဦးဝင်းနိုင်ကအကြုံပြုထားပါတယ်။
“အတိအကျပြောမယ်ဆိုရင် စစ်တွေရဲ့မြောက်ဘက် မိုင် ၁၅၀၊ စစ်တွေရဲ့တောင်ဘက် မိုင် ၁၅၀၊အဲ့ဒီအကွာ အဝေးအတွင်းမှာရှိတဲ့ ကမ်းခြေဒေသတွေကတော့ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့အခြေအနေရှိတယ်။ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းအရွယ်အစား တအားကြီးတဲ့ အတွက်ကြောင့်ဖြစ်တယ်”လို့ သဘာဝပတ် ဝန်း ကျင်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ အသိပညာပေးမှုတွေလုပ်နေတဲ့ အစိမ်းရောင်လမ်း Website မှာ ဦးဝင်းနိုင်ကပြောထားပါတယ်။
အဲဒီမုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းအတွင်းက မိန်းမလှကျွန်း၊ ဟိုင်းကြီးကျွန်း၊ ငဝန်မြစ်၊ ဖျာပုံမြစ်ဝ၊ ဧရာ ဝတီမြစ် စတဲ့နေရာတွေမှာ လေပြင်းဒဏ်ပိုမိုခံရနိုင်သလို ရန်ကုန်တိုင်းအတွင်းက အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒ ဂုံ စတဲ့ နေရာတွေမှာလည်း စိုက်ဆင်းလေပြင်းတွေ၊ လေဆင်နှာမောင်းတွေကို သတိထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း အရှေ့ခြမ်း ပဲခူးရိုးမ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် ဒီးမော့ဆိုဘက်ခြမ်းတွေမှာ မုန်တိုင်း လေ ပြင်း ကျရောက် နိုင်သလို နေပြည်တော်၊ မတ္ထီလာ၊ မန္တလေး၊ မကွေးတို့လို ခြောက်သွေ့တဲ့ ဒေသတွေမှာလည်း ပို ပြီး သတိထားသင့်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန် ကြီးဌာနကတော့ မနေ့ကညနေပိုင်းအထိ ခန့်မှန်းချက်တွေအရ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ဒေသဖြစ်တဲ့ စစ် တွေခရိုင်ဟာ မုန်တိုင်းကြောင့် ဘေးအန္တရာယ်ကျရောင်နိုင်ချေအမြင့်ဆုံးရှိနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ် ပြန်ထားပါတယ်။
လက်ရှိမှာတော့ မိုးလေဝါသပညာရှင်တွေနဲ့ မိုးဇလဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မုန်တိုင်း ဒဏ်ခံရနိုင်ချေရှိတဲ့ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ ပင်လယ်ကမ်းစပ်ဒေသတွေနဲ့ ကမ်းရိုးတန်း နားနေထိုင်တဲ့သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်တာတွေ လုပ်နေ ကြပါတယ်။