အရပ်သားတဦးကို မီးမြှိုက်စစ်ဆေးမှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေတယ်လို့ SSPPပြော

မေ၊ ၁၀

ရှမ်းပြည်နယ်က တစ်နေရာမှာ SSPP/SSA တပ်ဖွဲ့ဝင်တချို့က အရပ်သားတဦးကို မီးမြှိုက်ပြီး အမှုစစ်ဆေး ခဲ့မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပြောပါတယ်။

SSPP တပ်ဖွဲ့ဝင်သုံးဦးက သစ်ပင်ပေါ်မှာ ဖမ်းဆီးတုပ်နှောင်ထားတဲ့ အမျိုးသားတဦးကို မီးမြှိုက်ကာ စစ် ဆေး မေး မြန်းနေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ကာ ဝေဖန်မှုတွေရှိခဲ့တဲ့နောက် SSPP/SSA ဘက်က ဒီကနေ့ ထုတ်ပြန်ရှင်းလင်းလာတာဖြစ်ပါတယ်။

“ကျွန်တော်တို့ SSPP/SSA ဟာ အဲ့လောက်ထိ မိုက်ရိုင်းတဲ့၊ စည်းမဲ့ကမ်းမဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး ခင်ဗျာ၊ ဒါက လက်အောက်ငယ်သားတွေ ဒေါသမထိန်းနိုင်လို့ ဖြစ်သွားတဲ့ ကိစ္စပါ၊အဲလိုမျိုးဖြစ်သွားတာကို တောင်းပန်ပါတယ်၊ နောက်တခါ မဖြစ်အောင်လည်းထိန်းသိမ်းသွားပါမယ်၊ခုဖြစ်စဉ်ကိုလည်း ကျွန်တော်တို့ လိုက်လံပြီးတော့ စုံစမ်း စစ် ဆေးပါမယ်၊တရားမျှတမှု ရအောင် ဖော်ဆောင်သွားပါမယ်” လို့ ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က DNA ကို ပြောပါတယ်။

အရပ်သားတဦးကို ကြိုးတုတ် မီးမြှိုက်ပြီး စစ်ဆေးနေမှုဟာ လူအခွင့်အရေးချိုးဖောက်တဲ့ ကိစ္စဖြစ်လို့ ဆန့်ကျင် ရှုတ်ချကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ SSPP/SSA အဖွဲ့အနေနဲ့ ဖြေရှင်းပေးဖို့လိုအပ်တယ်လို့ ထိုင်းနိုင်ငံ ရောက် ရှမ်းလူငယ်အဖွဲ့က မနေ့က ထုတ်ပြန်ဝေဖန်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်ပြီး စုံစမ်းစစ်ဆေးအရေးယူမယ်လို့ SSPP/SSA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာကိုတော့ မြေပြင်မှာရှိနေတဲ့ စစ်ရေးအခြေ အနေတွေအရ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောပါတယ်။

လက်ရှိမှာ SSPP/SSA တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/ SSA တို့ဟာ တိုက်ပွဲတွေ နေ့စဉ် ဖြစ်နေကြတာပါ။အဲ့ဒီလို တိုက်ပွဲတွေဖြစ်နေကြချိန် RCSS တပ်ဖွဲ့ဝင်တွေက အ ရပ်ဝတ်တွေနဲ့ မိုင်းထောင်တာ၊တိုက်ခိုက်တာတွေရှိတယ်လို့လည်း ဗိုလ်မှူးစိုင်းဖုန်းဟ န်ကဆိုပါတယ်။

“RCSS အဖွဲ့က အရပ်ဝတ်နဲ့ လာပြီးတော့ မိုင်းထောင်တာ ရှိတယ်၊တခါတလေကျတော့ သူတို့က မိုင်း ထောင်ခိုင်း တာတွေရှိတယ်၊အဲဒါကြောင့်ကျွန်တော်တို့က လိုက်လံစစ်ဆေးရင်းနဲ့ ဖြစ်သွားတာ၊သူတို့ (RCSS)လည်း ကျွန်တော် တို့ ရဲဘော် တပ်သားတဦးကို အရှင်လတ်လတ် မီးလောင်၊မီးရှို့ခဲ့လို့ သူတို့ (SSPPတပ်ဖွဲ့ဝင်တွေ)လည်း ဒေါသမ ထိန်းနိုင်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်သွားတာလို့ကျွန်တော် ထင်ပါတယ်၊လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စည်းမဲ့ ကမ်းမဲ့တော့ လုပ်ဖို့ မရှိပါဘူးခင်ဗျ”လို့ ဗိုလ်မှူး စိုင်းဖုန်းဟန် ကဆက်ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ နဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား တိုက်ပွဲ တွေ ဆက် လက်ဖြစ်ပွားနေတဲ့ အတွက် ဒီဖြစ်ရပ်ဟာ ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာကိုတော့မ ပြောနိုင် သေးဘူး လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီး မီးမြှိုက်စစ်ဆေးခံရတဲ့ အရပ်သားကိုကျန်းမာရေး စောင့် ရှောက်မှုပေးထားတယ်လို့သိရပါတယ်။ဖမ်းဆီးနှိပ်စက်ခံရသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်လို့ SSPP ဘက်က ထုတ်ပြန်ချက်မှာဖော်ပြမထားပေမယ့် ရှမ်းပြည်နယ်အခြေစိုက် မီဒီယာတချို့ကတော့ ဟိုပုံးမြို့နယ်၊ဖွန်ဆိုင်းရွာက ဒေသခံအမျိုးသားတဦးဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

SSPP/SSA နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြားစစ်ရေးတင်း မာမှုမြင့်တက်နေတဲ့ လက်ရှိကာလအ တွင်း အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေတယ်လို့ နှစ်ဘက်လုံးက အပြန်အလှန်စွပ်စွဲမှုတွေ လည်းရှိနေတာပါ။