နေပြည်တော်အကယ်ဒမီပေးပွဲအပြန်လမ်းမှာ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာကွယ်လွန်

မေ၊​ ၆
 
နေပြည်တော်မှာ မနေ့ မေလ ၆ ရက်နေ့ကပြုလုပ်တဲ့ အကယ်ဒမီပေးပွဲအပြန်လမ်းမှာ ဇာတ်ပို့သရုပ်ဆောင်တဦးဖြစ်တဲ့ ဦးအောင်သာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ပရဟိတအသင်းတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ ၇ ရက်နေ့မနက်ပိုင်းမှာ ရုပ်ရှင်အကယ်ဒမီပေးပွဲ ကြိုပို့ယာဉ်ပေါ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
” သူက တရက်ကြိုသွားတာ၊ အခုရက် အပူချိန်ကလည်း များနေတော့ ခရီးပမ်းပြီး ဝမ်းလျှောနေတာ။ ပွဲမှာက အချိန်လည်းကြာတယ်၊ ညကလည်း ကွင်းပြင်ကြီးမှာ လုပ်ပေမယ့် အတော်ပူတယ်ဗျ။ မနက်က ပြန်ကာနီးအချိန်ထိ လူကပျော့နေတာ။ ရန်ကုန်ရောက်မှ ဆေးခန်းပြမယ်ဆိုပြီး ပြန်တာ၊ ကားပေါ်မှာ ခေါ်လို့မရတော့မှ ဆရာဝန်ခေါ်စစ်ကြည့်တော့ ဆုံးသွားပြီလို့ သိရတယ် ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာတော့ အလောင်းကို ရန်ကုန်ကိုပြန်သယ်ယူနေပြီဖြစ်ပြီး သေဆုံးရခြင်းအကြောင်းအရာကိုတော့ သေချာမသိရသေးဘူးလို့လည်း ပရဟိတကူညီရေးအသင်းသားတဦးက ဆိုပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ 
ဓာတ်ပုံ – CJ