ပုဒ်မ ၅၀၅-က အကျဉ်းသားတွေကို ခံဝန်နဲ့ပြန်လွှတ်မယ်လို့ စစ်ကောင်စီကြေညာလာပြန်

မေ၊ ၃
 
ဒီကနေ့ မေလ ၃ ရက်နေ့မှာ နိုင်ငံတဝန်းမှာ စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၂၁၅၃ ယောက်ကို ခံဝန်ချက်တွေနဲ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာလာပါတယ်။
 
ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အထိမ်းအမှတ်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်က ဆိုထားပါတယ်။
စစ်ကောင်စီက သူတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်လုပ်ပေးနေတာ ၉ ကြိမ်ထက်မနည်း ရှိနေပါပြီ။
 
စစ်အာဏသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာပါလို့ အခုတကြိမ်နဲ့ဆိုရင် ၆သောင်းကျော် အထိရှိနေပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသား ၂၃၉ ဦး ပါဝင်ခဲ့ပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီဟာ အခု ၂၀၂၃ ခုနှစ်မှာ ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် အထင်ကရနိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ စီစဉ်နေတာဖြစ်တယ်ဆိုပြီး နိုင်ငံရေးလေလာသုံးသပ်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထုတ်ပြန်ထားပါတယ်။