ဧပြီ၊ ၃၀
အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း၊ ကယ်လီဖိုးနီးယားအခြေအစိုက် ” မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ ” က ပြည်ပရောက်မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဆန္ဒပြပွဲကို ပြုလုပ်တာ ဒီကနေ့ ဒေသစံတော်ချိန် ဧပြီ ၂၉ ရက်မှာဆိုရင် အကြိမ်တရာမြောက်ရှိပြီလို့ ထုတ်ပြန်ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်တရက်ကစလို့ ပြည်ပရောက်မြန်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ Free Burma Action Committee (FBAC) ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွေကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် အပြီးအပိုင်အဆုံးသတ်ရန်၊ လွတ်လပ်ခြင်း ချစ်ကြည်ခြင်းနဲ့ ညီမျှခြင်း စတဲ့ဒီမိုကရေစီအခြေခံသဘောတရားနဲ့ ဖယ်ဒရယ်စနစ် အမြန်ဆုံးအောင်အထည်ဖော်နိုင်ရန်၊ ပြည်တွင်းက အသက်သွေးချွေးတို့နဲ့ တသွေးတည်းတသားတည်း ရှိကြောင်း ပြသနိုင်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့အတူ NUG အစိုးရနဲ့ ပြည်တွင်းသပိတ်တိုက်ပွဲ ဝင်သူများကို အပြည့်အဝ အားပေးထောက်ခံကြောင်း ပြသဖို့ဆိုတဲ့ ရည်ရွက်ချက်တွေနဲ့ အခုလို ဆန္ဒပြပွဲတွေကို ပြုလုပ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – FBAC