ငှက်ပစ်အမဲလိုက်တာကို သုံးလတာတားမြစ်တယ်လို့ မင်းတပ်ပအဖထုတ်ပြန်

ဧပြီ၊ ၃၀
 
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် ငှက်ပစ်အမဲလိုက်တာကို အခုမေလကစပြီး ဇူလိုင်လအထိ သုံးလတာတားမြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဧပြီ ၂၉ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုအချိန်ဟာ ကျေးငှက်တွေ အသိုက်အတွင်း ဥချိန်နဲ့ သားပေါက်ချိန်ဖြစ်တဲ့အတွက်ကြောင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ ပွိုင့်တူးတူး သေနတ်၊ လောက်လေးဂွ စတာတွေနဲ့ အမဲလိုက်တာကို တားမြစ်တာဖြစ်တယ်လို့ မင်းတပ် ပအဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့ဟာဆိုရင် အဖိုးမဖြတ်နိုင်တဲ့ သစ်တောတွေ၊ ရှားပါးလိပ်ပြာမျိုးစိတ်တွေ၊ သစ်ခွမျိုးစိတ်တွေနဲ့ ကျေးငှက် တောရိုင်းတိရစ္ဆာန်ပေါင်းစုံ ကျက်စားရာနေရာဒေသတခုဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးပြီးတဲ့ အနာဂါတ်ကာလမှာ ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေးကနေ ဝင်ငွေရရှိစေမှာဖြစ်တဲ့အတွက် တားမြစ်ချက်ကို အလေးပေးလိုက်နာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – မင်းတပ်ပအဖ