မန္တလေးမှာ အမျိုးသားတဦး အပူဒဏ်ကြောင့် မူးလဲကာ သေဆုံး

ဧပြီ ၊ ၂၁ 

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းကရာသီဥတုပူပြင်းမှုကြောင့် အ သက် လေးဆယ်အရွယ် အမျိုးသားတဦး လဲကျသေ ဆုံးမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးလုပ်နေသူ တွေဆီကသိရပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၈၂ လမ်းမှာ အမျိုးသားတဦးလမ်း လျှောက်နေ ရင်းက မူးလဲကျကာ သေဆုံးသွားတာလို့ဆိုပါတယ်။

” လမ်းသွားနေရင် မူးလဲပြီးသေသွားတယ်လိုပဲ သိတာပါ၊ သူတို့မိသားစုအိမ်ကို ပြန်ပို့ပေးလိုက် တယ်၊ အပူရှိန်တက်ပြီး ဖြစ်တာပေါ့ ” လို့ လူမှု ကူညီရေး လုပ်ကိုင်သူတဦးကပြောပါတယ်။ 

သေဆုံးသွားတဲ့အမျိုးသားမှာ ရောဂါအခံ ရှိမရှိ စတဲ့အခြေအနေတွေကိုတော့အသေးစိတ်မသိရပါဘူး။
လတ်တလောမန္တလေးမြို့မှာ ရာသီဥ တုပူ ပြင်း မှုကြောင့် အပူရှိန်တက်ကာ သွားလာရင်း မူးမေ့ လဲကျသူတွေရှိနေပြီး အထူးသဖြင့်  သက်ကြီး ရွယ်အိုတွေဟာ အပူဒဏ်ကိုပိုမိုခံစားနေကြ ရတယ်လို့လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကသိရပါတယ်။

” အခုရက်ပိုင်း အပူရှိန် တက်လို့ မူးလဲတဲ့ဖြစ်စဉ်တွေ အတော်ဖြစ်လာတယ်၊ အခုတလော တရက်ကို အနည်းဆုံး နှစ်ဦး လောက် တော့ မူးမေ့လို့ ဆေးရုံကြီးကိုပို့ပေးရ တာလည်း ရှိတယ်၊အခုလိုလမ်းမှာ မူးလဲသေတာတော့ မကြား ပေမယ့် ဆေးရုံရောက်မှ သေဆုံးတာတွေ လည်းရှိ ပါတယ် ” လို့ လူမူကူညီရေး လုပ်ကိုင်နေသူတဦးကပြောပါတယ်။

အရင်က မန္တလေးမှာ သင်္ကြန်ပြီးကာလရောက်တာနဲ့ အပူချိန်လွန်ကဲမှုကြောင့်ြစ်တက်တဲ့မူးမေ့လဲတာတွေ၊အပူရှိန်မြင့်တက်တာတွေကို ကာကွယ်ဖို့ အ တွက် မန္တလေးအထွေထွေရောဂါကုဆေးရုံမှာ ရေခဲ၊ အအေးခန်း အပါအဝင် လိုအပ်တဲ့ဆေးဝါးတွေကို ပြင်ဆင်ထားလေ့ရှိပါတယ်။ လက်ရှိအာဏာသိမ်းပြီးနောက်မှာတော့ အခုလိုပြင် ဆင်တာတွေ အားနည်းလာတယ်လို့ ဆေးရုံ အသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

ဒါ့အပြင်မန္တလေးမှာ ဧပြီလ ၁၉ ရက်က လည်း ပြင်ပဒဏ်ရာမရှိဘဲ အစာရေစာပြတ်လတ်ပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်း သုံးလောင်း ကိုတွေ့ခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ် ပြန်ချက်တွေအရ မန္တလေးမှာ နေ့အပူချိန် ၄၃ ဒီဂရီ အထိ နေ့စဉ်ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့မှာ သက် ကြီးအမျိုးသားတဦး လဲကျသေဆုံးလို့ ပရဟိတ အဖွဲ့တွေက ကူညီပေးခဲ့ရပါသေးတယ်။

လက်ရှိ နွေရာသီကာလ ရာသီဥတုအပူဒဏ်နဲ့ လျှပ် စစ်မီးမှန်မှန်မရတဲ့အခြေအနေတွေကြောင့် မြို့ပြ နေသူတွေ အပူဒဏ်သိသိသာသာခံနေရသလို မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊မကွေး ဒေသ တွေက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင် ပြည်သူတွေဟာလည်း အပူဒဏ်ကြောင့် အခက် အခဲတွေပိုတိုးနေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ် တွေစစ်ကြောင်း ထိုးလာလို့ ထွက်ပြေးတိမ်းရှောင်ရင်း အသက် ရှစ်ဆယ်ကျော်အမျိုးသမီးတဦး ရေဓာတ်ခမ်း ခြောက် အမောဖောက်ပြီး သေဆုံးခဲ့ပါတယ်။