ဧပြီ၊ ၂၁
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲ (Zimte)ရွာက ချင်းအမျိုးသားတပ်ဦး(CNF) တပ်စခန်းကို ဒီကနေ့ ဧပြီ ၂၁ ရက် မနက် ၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိ အချိန်အထိ ဒုဗိုလ်တဦးနဲ့ တပ်ကြပ်ကြီးတဦးကျဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒုဗိုလ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တဦး ကနဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက တပ်ကြပ် အဆင့်ရှိ အမျိုးသမီးတပ်ဖွဲ့ဝင်တဦး ထပ်မံကျဆုံးသွားတယ်လို့ချင်းမီဒီယာတွေကဖော်ပြကြပါတယ်။
ကျဆုံးသွားသူတွေဟာ အသက်(၂၃)နှစ်အရွယ်ရှိ CNF တပ်ဖွဲ့ဝင် ဒုဗိုလ် Salai Ko Ying နဲ့ တပ်ကြပ်ကြီး Mai May Kan Huih တို့ဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် နောက်ထပ် တပ်ဖွဲ့ဝင် လေးဦးလောက်လည်း ဒဏ်ရာတွေရရှိထားကြတယ်လို့ဒေသတွင်း သတင်းရင်း မြစ်တွေဆီကသိရပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီလ ၁၀ ရက်ကလည်း ထန်တလန်မြို့နယ်တွင်းက ချင်းအမျိူးသားတပ်ဦး CNF ဌာနချုပ် ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင်ငါး ကျဆုံးပြီး အဆောက်အဦး နှစ်ဆယ်ကျော် ပျက်စီးခဲ့ပါတယ်။
ချင်းတောင်တန်းပေါ်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်ကနေတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ဒေ သခံ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေသေဆုံးထိခိုက်မှုနဲ့ ယာဉ်တန်း မှာပါတဲ့ ကားတွေ ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။
စစ်ကောင်စီယာဉ်တန်းတွေထဲက သံချပ်ကားတွေအပါအဝင် လူနဲ့ ရိက္ခာတွေ တင်လာတဲ့ ကားတွေကို ချင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြတာပါ။
အဲ့ဒီလို အထိနာပြီးနောက်စစ်ကောင်စီက ချင်းပြည်နယ်ဒေသအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ် နေပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားတွေသေဆုံးထိခိုက်မှုနဲ့ ပြည်သူပိုင်နေအိမ်အဆောက်အ အုံ တွေလည်း ပျက်စီးခဲ့ပါသေးတယ်။