စဉ့်ကူးနဲ့ဝက်လက်အစပ်ရွာတွေစစ်ကြောင်းထိုးခံနေရပြီးဘုံသာကုန်းရွာခံငါးဆယ်ထက်မနည်းဖမ်းဆီးခံထားရ

ဧပြီ၊ ၂၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အစပ်ဧရာဝတီမြစ်ကမ်းကျေးရွာတွေကို စစ် ကောင်စီက စစ်ကြောင်းထိုးနေပြီးဒီကနေ့မနက်ပိုင်းမှာ စဉ့်ကူးနယ် ဘုံသာကုန်း ရွာခံ ငါးဆယ်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းနဲ့ စဉ့်ကူးနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းကျေးရွာတွေကို စစ်ကောင်စီက နှစ်သစ်ကူးကာလအပြီး ဧပြီ၁၈ရက်မှာ စတင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ဘုံသာကုန်း ရွာထဲဝင်ရောက်စီးနင်းကာ ပိတ်မိနေတဲ့ရွာခံတွေကို မူလတန်းကျောင်းထဲ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စဉ့်ကူးနယ်ထဲကနေ ဝက်လက်မြို့နယ်ထဲ ကဧရာဝတီမြစ် အနောက်ဘက်ကမ်း ရွာတွေဖြစ်တဲ့ထုံးဘိုကုန်းနဲ့ရှားကွဲရွာတွေကိုဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဆက်တိုက် လုပ်နေတယ် လို့လည်းသိရပါတယ်။

 “မနေ့ညက ကာကွယ်ရေးအဖွဲ့တွေ မစ်ရှင်ဆင်းတာ ပျူနှစ်ကောင်ရတယ် ၊အဲ့ဒါမကျေနပ်လို့နေ မယ်၊မြစ်အ နောက်ဘက်ကမ်း ဝက်လက်နယ် ထုံးဘိုကုန်းနဲ့ ရှားကွဲရွာဘက်ကို ဦးတည်ပစ်ခက်နေတာ၊ရွာထဲတော့မကျဘူးဗျ ကျွန်းပေါ်နဲ့ ကမ်းပါးအစပ်တွေကျတာ၊အချက်ရေတော့များတယ်”လို့ ဝက်လက်မြေပြင်ကင်းထောက်အဖွဲ့ တာ ဝန်ရှိသူတဦးကDNAကိုပြောပါတယ်။

ဘုံသာရွာကဖမ်းဆီးခံထားရတဲ့ပြည်သူတွေရဲ့အခြေအနေကိုတော့စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့အတွက်မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က ဘုံသာကုန်းရွာထဲမှာ အခြေစိုက်ပြီး ဝက် လက်နယ်ဘက်ကိုဒရုန်းနဲ့ကင်းထောက်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးတာ၊လက်နက်ကြီးပစ်ခတ်တာ တွေလုပ်နေ သလို ဝက်လက်မြို့နယ်အနောက်ခြမ်း ရွှေဘိုမြို့နယ်ဘက်ကနေလည်း အင်အားငါးဆယ်ဝန်းကျင်ပါ စစ် ကြောင်းတခုက စစ်ကြောင်းထိုးနေပါသေးတယ်။

“ဝက်လက်အနောက်ခြမ်းစစ်ကြောင်းကငါးဆယ်လောက်ရှိတယ်၊မူးကြီးသခွပ်တောတို့ကတော့အကုန်ရှောင်နေရတယ်၊ဒေသခံတွေကတော့ထောင်နဲ့ချီပြီးရှောင်နေရတယ်၊အထိုင်တပ်တွေလဲရှိတော့အဲ့နားနီးတဲ့ရွာတွေဆိုဒေသကိုမပြန်တော့ဘူး၊တခြားရပ်ရွာတွေမှာနေကြရတာ”လို့ဝက်လက်ဒေသခံတဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းဝက်လက်နဲ့မန္တလေးတိုင်းစဥ်ကူးနယ်အစပ် ဧရာဝတီမြစ်ကမ်းတလျှောက်ကို စစ်ကောင်စီက စစ် ကြောင်းထိုးမီးရှို့မှုတွေမကြာမကြာ လုပ်လေ့ရှိပြီး အဲ့ဒီဒေသကျေးရွာတွေက ပြည်သူထောင်ဂဏန်းလောက် တိမ်း ရှောင်နေကြရပြီး စားရေရိက္ခာ လိုအပ်ချက်တွေလည်းရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲစစ်ရှောင်ပြည်သူတွေပြန်ဆောက်ထားတဲ့ဝက်လက်မြို့နယ်မူးကြီးကျေးရွာကတဲတွေကိုမီးရှို့ဖျက်ဆီးခဲ့သလိုစဉ့်ကူးမြို့နယ်မြစိမ်းရွာကမြေပဲသွားရောင်း တဲ့အသက်ရှစ်ဆယ်အရွယ် အဖိုးအိုတဦးကိုလည်းရိုက်နှက်ပြီးမြေပဲအိတ်တွေလုယူတာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။