နှစ်သစ်ကူးကာလမှာ ဒုလ္လဘဝတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ဧပြီ၊ ၁၉
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်နှစ်သစ်ကူးကာလမှာ ဒုလ္လဘ ရဟန်း၊ သီလရှင်၊ သာမဏေတွေ ဝတ်ခဲ့ကြတယ်လို့ S.O.F က ဒီကနေ့ထုတ်ပြန်ပါတယ်။
 
ရှေ့တန်း၊ နောက်တန်းနဲ့ လုံခြုံရေးစခန်းတွေရှိ တပ်ဖွဲ့ဝင်တွေထဲက ရဟန်း ၃၂ ပါး၊ ရှင်သာမဏေ ငါးပါး၊ သီလရှင် ငါးပါး စုစုပေါင်း (၄၂)ပါး ဒုလ္လဘဝတ်ခဲ့ကြတာပါ။
 
အဲ့ဒီ ဒုလ္လဘ သာသနာ့ဘောင်ဝင်ရောက်ပွဲကို KNU တပ်မဟာ (၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဧပြီ (၁၁)ရက်က ကျင်းပခဲ့ကြတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေရဲ့ မတည်လှူဒါန်းမှုတွေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
 
အလှူဖြစ်မြောက်အောင် အဘက်ဘက်ကကူညီပေးခဲ့သူ အလှူရှင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်တဲ့အကြောင်းလည်း S.O.F အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF