ကနီနယ် တာဝါတိုင်စခန်းကုန်းကိုPDF သိမ်းပိုက်ခဲ့တယ်လို့ NUGပြော

ဧပြီ၊ ၁၇

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က စစ်ကောင်စီရဲ့ တာဝါတိုင်စခန်းကုန်းကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)က ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အင်အား သုံးဆယ် လောက်ရှိတဲ့ အဲ့ဒီစခန်းကုန်းကို မိနစ်နှစ်ဆယ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပြီး ရိုင်ဖယ်သေနတ် (၁၅)လက်၊၆၀မမ ပြောင်းတိုတလက်၊ကျည်တသောင်းနီးပါး၊လက်ပစ်ဗုံး (၅၆) လုံး၊ဖောက်ခွဲရေးပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားတာမရှိပါဘူး။အဲ့ ဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို DNA က ဆက်သွယ်မေးမြန်းနေပါတယ်။