ချင်းမိုင် ဆုန်ကရမ်ပွဲတော် April 15, 2023 ဆောင်းပါး ဧပြီ၊ ၁၅ ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်အဖြစ် ထင်ရှားတဲ့ ဆုန်ခရမ်ပွဲတော်ကာလအတွင်း ချင်းမိုင်မြို့က ဗုဒ္ဓဘာသာဝင်တွေရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေကြတဲ့ ပုံရိပ်တွေကို DNA က ဖေါ်ပြပေးလိုက်ပါတယ်။ ချင်းမိုင်မြို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ ရိုးရာဓလေ့ နဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ မြို့အဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာပါ။ ချင်းမိုင်မြို့ဟာ ၁၈ ရာစုက မြို့ဟောင်းရဲ့ အစိပ်အပိုင်းတွေထိန်းသိမ်းထားပြီး ခရီးသွားလုပ်ငန်းကနေ အဓိက ဝင်ငွေရရှိနေသလို သစ်သား နဲ့ ငွေထည် ပန်းပုပညာတွေ ၊ မြေအိုး လုပ်ငန်း ၊ ရိုးရာထီးလုပ်ငန်း ၊ ယွန်းထည်လုပ်ငန်းတွေ ထွန်းကားတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လက်မှုပညာဗဟိုချက်အဖြစ် သတ်မှတ်ထားကြပါတယ်။ ချင်းမြိုင်မြို့ရဲ့ သင်္ကြန်ပွဲတော် ဆုန်ခရမ်ကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့ရှိပါတယ်။ ချင်းမိုင်ထိုင်းသင်္ကြန်
နိုင်ငံတကာရေးရာ သက်ဆင်ရဲ့ ထိုင်းနိုင်ငံ ပြန်လာမယ့် အစီအစဉ် ရက်ရွှေ့ဆိုင်း August 7, 2023 နိုင်ငံတကာရေးရာ သြဂုတ်၊ ၇ ထိုင်းနိုင်ငံ ပြန်လာမယ့် အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက ကြေညာခဲ့ပါတယ်။ မူလက သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေမှုကို အဆုံးသတ်ပြီး ဩဂုတ် ၁၀ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ရန်ကုန်သင်္ကြန်မှာ ဖျော်ဖြေရေးမဏ္ဍပ်တွေဆောက်ဖို့ စစ်ကောင်စီက ကန်ထရိုက်တွေကို စည်းရုံးနေ March 16, 2023 နိုင်ငံရေး မတ်၊ ၁၆ ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လူစည်ကားမှုကိုပြသလိုတဲ့ စစ်ကောင်စီရဲ့စည်ပင်ဌာနက မဏ္ဍပ် ကန်ထရိုက် လုပ်ခဲ့ ဖူးသူတချို့ကို ဆက်သွယ်ပြီး စည်းရုံးတာတွေလုပ်နေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူ တွေဆီကသိရ ပါတယ်။ အရင်က နှစ်စဥ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လေ့ရှိခဲ့သူတွေရဲ့စာရင်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီမှာရှိနေပြီး [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ သက်ဆင် ထိုင်းနိုင်ငံ ပြန်ရောက်ပြီး နာရီပိုင်း အကြာမှာ နှစ်ရှည်ထောင်ဒဏ် စတင်ကျခံ August 22, 2023 နိုင်ငံတကာရေးရာ သြဂုတ်၊ ၂၂ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံ ပြန်လာတဲ့ နေ့မှာပဲ နှစ်ရှည် ထောင်ဒဏ် စတင် ကျခံနေရပြီ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး [ဆက်လက်ဖတ်ရှုရန်]