ထားဝယ်ခရိုင်သပိတ်ခေါင်းဆောင်တဦးကို စစ်ကောင်စီက ငွေကျပ်သိန်းသုံးရာနဲ့ဖမ်းဝရမ်းထုတ်

ဧပြီ ၁၂

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်အတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်၇ှားမှုတွေမှာဦးဆောင်ပါဝင်နေတဲ့ သပိတ် ခေါင်းဆောင်တဦးကို စစ်ကောင်စီက ငွေကျပ်သိန်းသုံးရာနဲ့ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထားဝယ်ခရိုင် ဒီမို ကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကပြောပါတယ်။

ထားဝယ်ခရိုင် ဒီမို ကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဦးဆောင်သူတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဖမ်းမိဖို့ အ တွက် ကူညီဖမ်းဆီး/သတင်းပေးနိုင်သူတွေကို ငွေကျပ်သိန်းသုံးရာ လက်ငင်းချီးမြှင့်မှာဖြစ်တယ်ဆိုပြီး ထားဝယ် ခ ရိုင်စစ်ကောင်စီက ဒေသတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဝရမ်းစာရွက်တွေလိုက်ကပ်ခဲ့တာလို့သိရပါတယ်။

“မနက် ၇နာရီလောက်ကတည်းက ဖမ်းဝရမ်းစာရွက်တွေကိုလိုက်ကပ်နေတာ၊ဓာတ်မီးတိုင်တွေ ၊စျေးတွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာလိုက်ကပ်နေတာ”လို့ လောင်းမြို့နယ် ဒေသခံတဦးကပြောပါတယ်။

ကိုမင်းလွင်ဦးကို လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်ပျက်ပြားစေလို့ဆိုတဲ့ စွပ်စွဲချက် နဲ့အခုလို ဖမ်းဝရမ်းထုတ်တာဖြစ်ပြီး ထားဝယ်နဲ့လောင်းလုံးမြို့နယ်တွေမှာရှိတဲ့ အများပြည်သူပိုင် နေရာတွေနဲ့ လူ စည်ကားရာနေရာတွေမှာ စစ်ကောင်စီက ဖမ်းဝရမ်းစာရွက်တွေ လိုက်ကပ်နေတယ်လို့လည်း ဆိုပါတယ်။

“သူတို့ထုတ်ထားတဲ့ပုံစံက လူငယ်တွေကိုသွေးဆောင်ဖြားယောင်းတယ်ဆိုတဲ့ပုံစံပေါ့၊ပြီးတော့ လောင်းလုံးမြို့နယ် အတွင်းမှာ နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ဆင့်ထားတာလည်း ဖြစ်ပါတယ်။ကျွန်တော်တို့တော်လှန်ရေးမှာပါနေတဲ့လူငယ်တွေက ဖြားယောင်းသွေးဆောင်စရာမလိုဘူး၊ သူတို့ယုံ ကြည်မှုနဲ့သူတို့ တော်လှန်ရေးမှာပါဝင်နေကြတာ”လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုမင်းလွင်ဦးက DNAကိုပြော ပါတယ်။

အခုလို ငွေကြေးတစ်ခုသတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်တာဟာ စစ်ကောင်စီအနေနဲ့ကြံမိကြံရာ လုပ်ဆောင်နေ တာ ဖြစ်ပြီး အမှန်တကယ် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေတာဟာ စစ်အုပ်စုသာဖြစ်တယ်လို့လည်း သူ ကဝေဖန်ပါတယ်။

 “စစ်ကောင်စီက သူတို့ဖမ်းချင်တဲ့သူဆိုရင် အိမ်တံခါးဖွင့်ပြီး မတရားဖမ်းဆီးခဲ့တာပဲလေ၊အခုလို ဖမ်းဝရမ်း ထုတ်နေတာကလည်း အခုမှထုတ်တာမဟုတ်တော့ ကျွန်တော့်အနေနဲ့ ဘာမှထူးထွေပြီးစိုးရိမ်သွားမှာ တော့ မဟုတ်ဘူး”လို့ ကိုမင်းလွင်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားပေမယ့်လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီအနေနဲ့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဟာ ဒေသတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ မှုတွေနဲ့ စစ်အုပ်စုကို ဆန့်ကျင်ဖို့၊စစ်အုပ်ပိုင်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့စတဲ့ စည်းရုံး လှုံ့ဆော်မှုတွေကို လက်ရှိအထိပြုလုပ်နေတာပါ။

စစ်ကောင်စီက ကိုမင်းလွင်ဦးကိုပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊မတ်လ ၁၁ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့တကြိမ်၊၂၀၂၃ မတ်လ အတွင်းမှာတကြိမ် အကြမ်းဖက်ဥပဒေအရ အရေးယူဖို့အလိုရှိနေတဲ့ တရားခံပြေးစာရင်းမှာထည့်သွင်းပြီး ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။