ဧပြီ၊ ၁၀
ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဗားရ်ရွာအနီးက စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးကာ (၁၄)ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ချင်း ကာကွယ်ရေးတပ် (CNDF/CNO)က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဆီက MA ရိုင်ဖယ်သေနတ် (၇)လက်၊G-3 ရိုင်ဖယ် သေနတ် (၁၂) လက်၊၆၀မမ စိန်ပြောင်းနှစ်လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖေ ာ်ပြထားပါတယ်။
တိုက်ပွဲဖြစ်ချိန် ဗားရ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅)ဦးရှိနေပြီး (၁၁)ဦးသေဆုံးကာ (၁၄)ဦးအရှင်ဖမ်းမိခဲ့ ပေမယ့် ဗိုလ်ကြီးတဦးအပါအဝင် သုံးဦးက ပြင်းထန်ဒဏ်ရာတွေရထားတာကြောင့် လမ်းမှာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ဒေသခံပြည်သူတဦးနဲ့ CNDF တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ ဗားရ်က စစ်ကောင်စီစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ဒီကနေ့ဗားရ်ရွာအနီးးကို ဗုံးကြဲတိုက်ခိုက်ခဲ့လို ဖလမ်းမြို့နယ် ဝေဘူလမြို့၊ဟားခါးနဲ့ထန်တလန်မြို့ကြားက နေရာတခုတို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း ဝေဘူလမြို့က စာသင်ကျောင်းအနီးကို ဗုံးတွေကျရောက်ပေါက်ကွဲလို့ လက်ရှိအချိန် အထိ အရပ်သားရှစ်ဦးသေဆုံးကြောင်းအတည်ပြုထားနိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေ တယ်လို့ သိရပါတယ်။