လဲချားမှာ ရှမ်းတပ်နှစ်တပ်တိုက်ပွဲဖြစ် ကျဆုံး၊ ဖမ်းဆီးခံရသူတွေရှိ

ဧပြီ၊ ၉

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)နဲ့ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/ SSA တို့ ဒီကနေ့ ဧပြီလ ၉ ရက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့စစ်ရေးအခြေအနေသိရပါတယ်။

 ဒီတိုက်ပွဲမှာ RCSS/SSA တပ်က တဦးကျဆုံးပြီး တဦး အဖမ်းခံရတယ်လို့ သိရပါတယ်။ “ထိတွေ့မှု နည်းနည်းဖြစ်ခဲ့တယ်၊ ဒါတော့ မှန်ပါတယ်။ အဲဘက်ပိုင်းမှာ ကျွန်တော် တပ်တွေက အင်းအားများများ မနေခဲ့ဘူး။ အဲဒီရဲဘော်နေတဲ့ နေရာမှာ သိရှိအရတော့ မနက်ခင်းအစောကြီး ဝင်ဝိုင်းပြီးတော့ ပစ်ခတ်လိုက်တာပါ။ ဖမ်းမိတာ တယောက်၊ကျဆုံးသွားတာ တယောက်ပေါ့။ SSPP ဘက် သိရသလောက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ကြားသိရတယ်။ ဘာလို့လဲဆိုတော့ သူတို့က နိုင်တဲ့ကွက်ကနေ ပစ်တော့၊ ဝိုင်းပစ်ခတ်တော့ သူတို့ဘက်က ထိခိုက်မှု မရှိဘူးလို့ RCSS/ SSA မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ဆိုပါတယ်။

 အဲဒီထိတွေ့တိုက်ပွဲနဲ့ပတ်သက်လို့ SSPP/SSA ကို မေးမြန်းသိရှိ အတည်ပြုနိုင်ရန် DNA မှ ဖုန်းနဲ့ အကြိမ်ကြမ်ဆက်သွယ်ပေးမဲ့ ဖုန်းလက်ခံဖြေကြားမှု မရှိပါဘူး။

  “အဲဘက်ဂွင်မှာ SSPP ကနေပြီးတော့ RCSS တပ်ဖွဲ့တွေကို မရှိစေချင်တော့တဲ့ သဘော သတင်းထွက်နေတာပေါ့နော်။ ရှမ်းပြည်လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းလည်း ဟုတ်တယ်ဆိုတော့ ဒီလိုမျိုးတော့ မလုပ်ကောင်းဘူး။ မလုပ်သင့်သေးဘူးလို့တော့ဆိုချင်ပါတယ်။ အဲဒါကြောင့် စေ့စပ်ပြီးတော့ ထပ်မဖြစ်ရလေအောင် ဆက်သွယ်ကြ၊ ညှိနှိုင်းကြဖို့တော့ ကျွန်တော်တို့ ဆန္ဒရှိတယ်။ တိုက်ပွဲဖြစ်ရင်ပြည်သူပဲ နစ်နာလို့ပါလို့ RCSS/ SSA မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။

 ရှမ်းတပ်ဖွဲ့ () တပ်ရဲ့ ထိတွေ့တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလက ကွန်ဟိန်းမြို့နယ်အတွင်းမှာ ပထမတကြိမ်ဖြစ်ခဲ့ပြီး အခုတိုက်ပွဲကတော့ ဒုတိတကြိမ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ မတ်လနဲ့ ဖေဖော်ဝါရီလတွေမှာလည်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်း RCSS/SSA တပ်နဲ့ PNLO/PNLA တပ်တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။