ပုသိမ်-ချောင်းသာကားလမ်းမှာ ခရီးသည်တင် ယာဉ်တိမ်းမှောက်လို့ တဦး သေဆုံး

ဧပြီ၊ ၅

ဧရာဝတီတိုင်း၊ပုသိမ် ချောင်းသာ ကားလမ်း​ပေါ်မှာ ခရီးသည်တင် ယာဉ်တစီး တိမ်းမှောက်ပြီးတဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ် လို့ ဒေသခံတွေ ဆီ ကသိရပါတယ်။

ပုသိမ်မြို့ ကနေ ဒီကနေ့ မနက် ရှစ်နာရီမှာထွက်ခွာသွား တဲ့ ”ဇွဲ” ခရီးသည်တင် ယာဉ်လိုင်း က မီနီဘတ်စ် မှန်လုံ ယာဉ်ဟာ ချောင်းသာ ကမ်းခြေမြို့က ဥတိုကျေးရွာ အနီး မျက်ရှုကွေ့ မိုင်တိုင် အမှတ် ၂၉/၁ အရောက်  ၈နာရီ ၄၅ မိနစ် ဝန်းကျင်က တိမ်း မှောက်ခဲ့ တာ ပါ။

 “ကားဘရိတ် ပေါက်ပြီးမှောက်တာ၊အမျိုးသား လူလတ်ပိုင်းတဦး သေတယ်၊ ဒဏ်ရာတဲ့သူတွေ ကို ဆေးရုံ ကို တင်ထားတယ် ” လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူ တဦး က DNA ကိုပြောပါတယ်။ 

ဒဏ်ရာ ရရှိသူ ၁၂ ဦး အနက် ပြင်းထန် ဒဏ်ရာ ရရှိထားတဲ့ ခရီးသည် သုံး ဦးကို ပုသိမ်မြို့ ကကုတင် ၅၀၀ ဆေးရုံကို တင်ပို့ထားပြီး ကျန် ဒဏ်ရာရရှိသူ တွေကိုတော့ ချောင်းသာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ် လို့ ဒေသခံ လူမှု ကယ်ဆယ်ရေး အဖွဲ့ကပြောပါတယ်။

ပုသိမ် ချောင်းသာ ပြေးဆွဲတဲ့ (ဇွဲ) ခရီးသည် တင် ယာဉ်လိုင်း က တိမ်းမှောက် သွား တဲ့ မီနီဘတ်ရဲ့ ယာဉ် မောင်း ကျော်စိုးဦး နဲ့ ယာဉ်နောက်လိုက် တို့ကို ယာဉ် မဆင်မခြင် မောင်းနှင်မှု နဲ့ ရဲတပ်ဖွဲ့ က အရေးယူထားတယ်လို့ သိရပါတယ်။