သင်္ကြန်ကာလမှာ လုံခြုံရေးနှစ်ဆတိုးပြီး အရပ်ဝတ်အသွင်ယူလုံခြုံရေးတွေပါချထားဖို့ စစ်ကောင်စီစဉ်နေ

ဧပြီ၊ ၅

အခုနှစ်မှာ သင်္ကြန်ပွဲတော်တွေစည်ကားဖို့ ပြင်ဆင်နေတဲ့စစ်ကောင်စီက ရန်ကုန်သင်္ကြန်မှာ လုံခြုံရေးအင်အား နှစ်ဆတိုးချပြီး အရပ်ဝတ်အသွင်ယူလုံခြုံရေးတွေလည်း ချထားဖို့စီစဉ်နေတယ်လို့အမည်မဖော်လိုတဲ့ ပြည်ထဲ ရေးဝန်ကြီးဌာန လက်အောက်ခံ အရာရှိတဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်က သင်္ကြန်ကာလ လုံခြုံရေးအတွက် ကြည်းတပ်ကိုသာ အဂိကအသုံးပြုခဲ့ပေမယ့် လာ မယ့် သင်္ကြန်ကာလမှာတော့ ကြည်း၊ရေ၊လေ စစ်တပ်အင်အားတွေအပြင် ရဲတပ်ဖွဲ့ကိုပါ လုံခြုံရေးအတွက် အသုံးပြု ဖို့ စီစဉ်နေတယ်လို့သူကပြောပါတယ်။

“အဓိကကတော့ သင်္ကြန်မဏ္ဍပ်တွေရှိတဲ့နေရာတွေမှာ လုံခြုံရေးယူတာပေါ့၊အခုကျတော့ အဲ့လိုမဟုတ်တော့ဘူး လမ်းပိတ်ဆို့စစ်တာကိုလည်း တမြို့နယ်မှာ အနည်းဆုံးနှစ်နေရာလုပ်မယ်၊အဲ့ဒိနေရာတွေမှာ ကြည်း၊လေတပ်၊ တွေကဖြစ်ချင်ဖြစ်မယ်၊ဒါမှမဟုတ် ကြည်း၊ရေတပ်တွေဖြစ်ချင်ဖြစ်မယ်၊အဲ့ဒါမျိုးနဲ့လုပ်မှာ”လို့ ပြည်ထဲရေးဝန်ကြီး ဌာနသတင်းအရင်းအမြစ်ကပြောပါတယ်။

သင်္ကြန်မဏ္ဍပ်တွေ လုံခြုံရေးကိုတော့ မဏ္ဍပ်တခုကို လုံခြုံးရေးစည်း သုံးစည်းထားပြီး ဗဟိုမဏ္ဍပ်မှာဆိုရင် အကြမ်း ဖက်အဖွဲ့၊ကြည်းတပ်နဲ့ရဲအင်အားတွေအပြင် အရပ်ဝတ်အသွင်ယူလုံခြုံရေးအဖွဲ့တွေကိုပါ အသုံးပြုဖို့စီစဥ် နေတာ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလို စစ်ကောင်စီဘက်က လုံခြုံးရေးတိုးမြှင့်ထားမှုဟာ မဟာသင်္ကြန်ကာလမတိုင်မီ ဆယ်ရက်အတွင်းနဲ့ သ င်္ကြန်ကာလအပြီး သုံးရက်လောက်အထိရှိနေမှာဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အရာ ရှိကပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းတချို့အရ သင်္ကြန်ကာလလုံခြုံရေး တာဝန်အတွက် စစ်မှုထမ်းဟောင်းတွေကို လည်း စစ်ကောင်စီက နေ့စားခနဲ့ ခေါ်ယူနေတာတွေရှိတယ်လို့ ဆိုပါတယ်။ 

အရပ်သားအစိုးရလက်ထက် သင်္ကြန်ကာလတွေမှာ လုံခြုံရေး အစီအမံတွေကို ရဲတပ်ဖွဲ့ကသာ တာဝန်ယူခဲ့ တာ ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော်တွေမှာတော့ စစ်တပ်ကလည်း လုံခြုံရေး တာဝန်တွေ ယူ လာရတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီက သင်္ကြန်အတွက် ကြိုတင်ဆောက်လုပ်နေတဲ့ မဏ္ဍပ်တွေမှာ လုံခြုံရေးတွေချ  ထားတာမျိုးတွေရှိနေတာပါ။စစ်ကောင်စီရန်ကုန်တိုင်းအစိုးရရဲ့ သင်္ကြန်မဏ္ဍပ်ကို ပြီးခဲ့တဲ့နှစ်တွေက ပြည်လမ်း ပေါ်မှာဆောက်လုပ်ခဲ့ပေမယ့် အခုနှစ်မှာတော့ ပြည်လမ်းပေါ်မှာမဆောက်တော့ဘဲ လုံခြုံရေးအရ အားသာ မှုပိုရှိတဲ့ ပြည်သူ့ဥယျာဉ်ထဲ ပြောင်းရွှေ့ဆောက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အပါအဝင် နိုင်ငံတဝန်းက ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တချို့အပါအဝင် စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

RFA မြန်မာပိုင်းရဲ့ သတင်းတရပ်အရ ၂၀၂၂ ခုနှစ် သင်္ကြန်ကာလလေးရက်အတွင်း နိုင်ငံတဝန်းမှာ ဗုံးပေါက်ကွဲမှု ၂၂ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။အာဏာသိမ်းပြီးနောက် တတိယအကြိမ်ဖြတ်သန်းရမယ့် အခုနှစ် သင်္ကြန်နှစ်သစ်ကူးလကို နိုင်ငံတဝန်းစည်ကားဖို့ စစ်ကောင်စီကပြင်ဆင်နေပါတယ်။

တဘက်မှာလည်း စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ ပြည်သူတွေနဲ့ အနုပညာ ရှင်တွေ၊ဖျော်ဖြေသူတွေ ပူးပေါင်း ပါဝင်မှုမလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးတောင်းဆိုမှုတွေလည်းရှိနေပါတယ်။

စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်တွေဦးဆောင်ပြုလုပ်သူတွေကို စစ်ရေးအရအရေးယူမယ်လို့ ဆိုထားသလို သင်္ကြန်မဏ္ဍပ်တွေမှာပါဝင်သူတွေအတွက် ဘယ်ကိစ္စကိုမဆို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း တော်လှန်ရေး အင် အားစုတွေကဆိုထားပါတယ်။