မုံရွာ – မန္တလေးလမ်းပိုင်း မှာ မိုင်းနှစ်လုံးဆင့်ပေါက်ကွဲပြီးတဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဧပြီ၊ ၄

စစ်ကိုင်းတိုင်း ၊မုံရွာမြို့အဝင် မုံရွာ – မန္တလေး လမ်းပိုင်းမှာ ဒီကနေ့ဧပြီ၄ရက်၊မ နက်၉နာရီအချိန်က လမ်းဘေးမိုင်း၂လုံးဆင့်ပေါက်ကွဲခဲ့တာကြောင့်လမ်းသွားလမ်းလာတဦးသေဆုံးပြီးကားတစီးကိုမိုင်းထိမှန်ပြီးယာဉ်ပေါ်ပါသူ၂ဦးမိုင်းစထိမှန်ခဲ့တယ်လို့သိရပါတယ်။

“ အဲ့ဒီလမ်းပေါ်မှာမိုင်းတွေဆင်ထားတာ အလုံး၃ဝလောက်ရှိတယ်။ နမခကစစ်ကောင်စီတပ်တွေမုံရွာဘက်ကိုအပြန်ကိုမိုင်းဆွဲဖို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဆင်ထားခဲ့တာ “လို့အဲ့ဒီလမ်းပိုင်းကိုအသုံးပြုခဲ့တဲ့မျက်မြင်ပြည်သူတဦးကပြောပါတယ်။

မိုင်း၂လုံးဆင့်ပေါက်ကွဲပြီး မိုင်းစထိမှန်တာကြောင့်  ဆိုင်ကယ်စီးလာသူ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးမှာ နေရာမှာပဲသေဆုံးသွားပြီး ကုန်ကားပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့  ထိခိုက်ဒဏ်ရာတွေရရှိခဲ့လို့မုံရွာဆေးရုံကြီးပို့ထားတယ်လို့သိရပါတယ်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ မိုင်းမတော်တဆမှုဖြစ်ပြီးပေါက်ကွဲတာဖြစ်ပေမယ့်ဘယ်အဖွဲ့ထောင်ထားတယ်ဆိုတာမသိဘူး လို့မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖက)တာဝန်ရှိသူတဦးကပြောပါတယ်။

“ဖြစ်တာကမိုင်းဆွဲတာမဟုတ်ဘူး ။မတော်တဆထပေါက်တာ စစ်ကောင်စီတပ်ဘက်ကလူတွေမို့လုပ်တာလဲမဟုတ်ဖူး ပြည်သူမို့လုပ်တာလည်းမဟုတ်ဘူး”လို့သူကဆိုပါတယ်။

“ချောင်းဦး -မုံရွာလမ်းပိုင်းကိုချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလမ်းပိုင်းအသုံးပြုခွင့်ပိတ်ထား‌ပေမယ့် မုံရွာဘက်ကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့လမ်းကြောင်းပိတ်ချိန်မရလိုက်ချိန်မှာ အဲ့ဒီလိုဖြစ်စဉ်မျိုးဖြစ်သွားတာဖြစ်နိုင်တယ် “ လို့‌ဒေခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေကမုံရွာမန္တလေးလမ်းပိုင်းကကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းတလုံးခွဲတာနဲ့ လမ်းဘေးဝဲရွာမှာရှိတဲ့ရွာတွေကမီးရှို့မယ်လို့နေ့စဉ်ရွာစဉ်လှည့်လည်စစ်ကြောင်းဝင်ရင်းခြိမ်းခြောက်တာတွေကိုလည်း ဒေသခံတွေအနေနဲ့မကြာခနဆိုသလိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းရဲ့ရဝရာခိုင်နုန်းကိုဒေသကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားနိုင်ပြီးအဆိုပါလမ်းပိုင်းကိုဖြတ်သန်းသွားလာနေတဲ့စစ်ကောင်စီယဉ်တန်းမှန်သမျှကိုနေ့စဉ်မိုင်းဆွဲတိုက်ခိုက်ကြတာကြောင့်စစ်ကောင်စီတပ်တွေအနေနဲ့အဆိုပါလမ်းပိုင်းကိုပေါ်ပေါ်ထင်ထင်မသွားရဲဘူးလို့လည်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ပစ္စည်းတွေကြောင့် လူပေါင်း၂၈၈ ဦးထိခိုက်ဒဏ်ရာရပြီး ၁၀၂ ဦးသေဆုံးကာ ၂၀၂၂ ခုနှစ်မှာတော့ ထိခိုက်သေဆုံးသူ ၃၉၀ အထိမြင့်တက်ခဲ့တယ်လို့ ကုလအဖွဲ့အစည်းတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၉၉၇ ခုနှစ်၊ မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ ပစ္စည်းဆိုင်ရာတားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးမထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေသာမက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ မိုင်းကိုအသုံးပြုနေကြတာပါ။