မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့တဲ့ လုခ်ရှော

ဧပြီ၊ ၁

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ခံလူ လုခ်ရှောကို ၄ နှစ် သက်တမ်းတိုး စာချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူဟာ မူလက ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ အခုတော့ သူဟာ ယူနိုက်တက်မှာ အနာဂတ် ဆက်လက် မြှုပ်နှံဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီလို့ ဆိုပါတယ်။

ယူနိုက်တက်ကို မန်နေဂျာ အဲရစ်တန်ဟက်ဂ် စတင်ကိုင်တွယ်ချိန် အစောပိုင်း ကာလတွေတုန်းက နယ်သာလန် ဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာကို ခေါ်ယူခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင် ရှောရဲ့ အနာဂတ်က မရေမရာ ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ရှောဟာ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ တန်ဟက်ဂ်ရဲ့ ယုံကြည်မှုကို ရယူပြနိုင်ခဲ့တဲ့နောက် အသင်းက သူ့ကို ဆက်လက် ထိန်းသိမ်းထားဖို့ ကြိုးစားလာခဲ့တာပါ။ ရှောဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၉ ပွဲမှာ ပွဲထွက်ပါဝင် ကစားပြီး ဘယ်နောက်ခံလူ နေရာကို အပိုင်သိမ်းထားနိုင်ခဲ့ပါတယ်။

The Athletic သတင်းဌာနရဲ့ အဆိုအရ ကစားသမားနဲ့ အသင်းကြား စာချုပ်သစ် ညှိနှိုင်းမှုတွေ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ပြီး ရက်ပိုင်းအတွင်း တရားဝင် လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

ရှောဟာ အခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ပါ​ဝင်ကစားထားပြီး ကိုယ်တိုင် ၁ ဂိုးသွင်းသလို အသင်းဖော်တွေ ဂိုးရရှိအောင် ၆ ကြိမ်ထိ ပံ့ပိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Ref: Mirror