မတ်၊ ၃၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ရွာရဲစခန်းကို မတ်လ ၃၁ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးလိုက်ပြီလို့ ဂန့်ဂေါ်ခရိုင် တပ်ရင်း -၁ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ကန်ရွာရဲစခန်းကို ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ စတင်စီးနင်းတို က်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
” အစောကြီး နည်းတဲ့ဒရုန်းတွေမဟုတ်ဘူး၊စခန်းပေါ်ချတာ၊တော်တော်ကွဲတယ်၊အဲ့ကတည်းက ကျွန်တော် တို့မိ သားစုက စပြေးတာမှန်သွားတယ်” လို့ ကန်ရွာကနေ မနက်အစောကြီးထွက်ပြေးလာတဲ့ဒေသခံ တဦးက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေက ကန်ရွာစခန်းကိုစီးနင်းတိုက်ခိုက်နေစဥ် နံနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်း စစ်ကောင်စီက ပစ်ခတ်မှုတွေစတင်ပြုလုပ်လာပြီး MI 35 ရဟတ်ယာဉ်နဲ့ ဂျက်လေယာဥ်တွေတလှည့်စီအဆက် မပြတ်လာ ရောက်ဗုံးကြဲခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။
“တိုက်ခိုက်ချိန်ရော၊ သူတို့ဗုံးကြဲချိန်ရော ကြာချိန်ကိုးနာရီရှိတယ်ဦစဖြစ်တာနဲ့ ရွာအရှေ့ပိုင်းက နေမကောင်းတဲ့ ဦး လေးက ထွက်ပြေးတာ လမ်းမှာအမောဆို့သေတယ်၊ အလောင်းကိုပစ်ထားခဲ့ရတာ” လို့ နောက်ထပ်ကန်ရွာခံ တဦး က ပြောပါတယ်။
ကန်ရွာက နာတာရှည်ရောဂါခံစားနေရသူတဦး ပြေးလွားရင်းသေဆုံးရတာအပြင် သားအဖနှစ်ဦးလည်း လေ ကြောင်းက ကြဲချတဲ့ဗုံးစမှန်လို့ ပေါင်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။
“လောလောဆယ် တယောက်သေ၊ နှစ်ယောက်ဒဏ်ရာရပဲသိရသေးတာ၊ ရွာတောင်ပိုင်းအိမ်နှစ်လုံး ဗုံးကျလို့မီး လောင်တယ်၊ရွာလမ်းမတလျောက်ကျည်ပေါက်ခဲပ။ ရွာဝင်မရသေးတော့ ဘယ်သူတွေနောက်ထပ် ဘာဖြစ်မယ် မသိရသေးဘူး” လို့ စစ်ပြေးရာမှာကူညီပေးခဲ့တဲ့ ကန်ရွာခံနောက်တဦးကဆိုပါတယ်။
ကန်ရွာရဲစခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကို ဂန့်ဂေါခရိုင် တပ်ရင်း -၁ က DNA ကိုအတည်ပြုထားပြီး လက်နက်တွေလည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
“တိုက်လိုက် လေကြောင်းကလာလို့ပြန်ဆုတ်လိုက်နဲ့ မနက်ကတည်းက ညနေမှကိုသိမ်းနိုင်တာ၊ လက်နက်တွေ၊ ကျဆုံးထိခိုက်မူတွေအတိအကျမသိရသေးဘူး” လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ကိုစတီဗင်က ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်က နှစ်ဦးကျဆုံးပြီး၊ လေးဦးဒဏ်ရာရကာ ဒဏ်ရာ ရသူလေးဦးထဲက နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီက မြေပြင်တိုက်ပွဲမှာအထိနာတာကြောင့် စစ်ရဟတ်ယာဥ်ပေါ်ကနေ စစ်ကူသုံးကြိမ်ချပေးခဲ့ပြီး သုံး ကြိမ်ပေါင်းအင်အားသုံံးဆယ်ကျော်လေးဆယ်ဝန်းကျင်ရှိတယ်လို့ မျက်မြင်ဒေသခံတဦး ကပြောပါတယ်။
“စခန်းရဲ့အနောက်တောင်ဘက်၊ ရွာထဲမှာပဲချတာ၊ ဒီကောင်တွေလည်းမရှင်လောက်ဘူး၊ဝိုင်းထားတာကို၊ ပြေးလို့ လွတ်ရင်လွတ်ပ” လို့ မျက်မြင်ဒေသခံကပြောပါတယ်။
တိုက်ပွဲရလဒ်အခြေအနေအသေးစိတ်ကို DNA ကမေးမြန်းပေမယ့် စစ်ရေးတာဝန်ရှိသူတွေ အရေးပေါ် အခြေ အ နေတွေဖြစ်နေတာကြောင့် ဖုန်းပြန်လည်ဖြေဆိုနိုင်ခြင်းမရှိသေးဘူးလို့ သက်ဆိုင်ရာအဖွဲ့တွေကဆိုပါတယ်။
ကန်ရွာရဲစခန်းမှာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားခုနစ်ဆယ်လောက်တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အိမ်ခြေတထောင်ကျော်ရှိတဲ့ ကန်ရွာက ပြည် သူတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တိုက်ပွဲနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကန်ရွာအပြင် အနီးဝန်းကျင် ကျေးရွာနှစ်ဆယ်လောက်က ဒေသခံတွေလည်း စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။