ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ သောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရ

 

မတ်၊ ၃၁

ကလေးမြို့နယ်မြောက်ပိုင်းကို မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည် သူတွေထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးတိမ်းရှောင်ချိန်မှာ ပြည်သူတဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“(သေဆုံးသူက)မောက်လင်းရွာက၊စစ်ပြေးရင်းဆိုင်ကယ်လဲတာ၊အတွင်းဒဏ်ရာရသွားတာထင်တယ်၊ အပြင်က တော့ဘာမှမဖြစ်ဘူး၊ ဆေးရုံတောင်သူမသွားဘူး။ ဝမ်းဗိုက်တွေညိုပြီးသေသွားတာ” လို့ ဒေသခံတဦးကပြော ပါတယ်။

ကလေးမြို့မြောက်ဘက် ဆည်တော်ဦး၊ကျောင်းတိုက်က ပျူစောထီးတွေအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် အင်အား တရာဝန်းကျင်ပါ စစ်ကြောင်းဟာ ကလေးမြို့နယ်မြောက်ပိုင်းကို မတ္လ ၃၀ ရက် မနက်အစောပိုင်းက စစ်ကြောင်း ထိုးခဲ့တာဖြစ်ပြီး ချမ်းသာကြီးရွာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါ တယ်။

 နှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။“မနေ့က ကလေးတွေ PDF ဘက်က မိုင်းထောင်နေတုန်းမတော်တဆဖြစ်လို့ တယောက်ကျတယ်လို့သိရတယ်” လို့ ကလေးမြောက်ပိုင်းဒေသခံတဦးကပြောပါတယ်။

 စစ်ကောင်စီစစ်ကြောင်းဟာ မတ္်လ ၃၀ ရက်ညက နန်းစောင်းပုရွာဟောင်းဝန်းကျင်မှာ ညအိပ်ခဲ့ပြီး ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာတော့ နန်းစောင်းပုရွာဟောင်းနဲ့ပျဉ်းတောဦးရွာကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။

“ပစ်ခတ်သံတွေကတော့ဆူညံနေအောင်ကြားနေရတာပဲ၊ကျွန်တော်တို့လည်းတောထဲမနေရဲတော့လို့ ရွာဘက်ကို ပြေးလာခဲ့ပြီ” လို့ ကလေးမြို့မြောက်ပိုင်းမှာတောင်ယာလုပ်ကိုင်နေသူတဦးကပြောပါတယ်။

 စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ လက်ပံချောင်းရွာနဲ့ပျဉ်းတောဦးရွာကို လက်နက်ကြီးတွေ နဲ့ပစ် ခတ်ခဲ့တာကြောင့် ပျဉ်းတောဦးရွာကပြည်သူတဦးလက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မောက်လင်း၊ချမ်းသာကြီး၊လက်ပံချောင်းနဲ့ လမ်းဘေးရွာကလေးတွေမနေ့ကအကုန်ပြေးကြတယ်၊ ဒီကနေ့ပျဉ်း တောဦးကဟာ(ဒေသခံတွေ)တွေပြေးကြတယ်၊ပြေးရတာသောင်းဂဏန်းတော့ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ကလေးမြို့မြောက်ပိုင်းက ပြည်သူတချို့သာ ကလေးမြို့ပေါ်ကို တိမ်းရှောင် နိုင်ခဲ့ပြီး အများစုကတော့ တောတောင်ထဲဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့အတွက် အရေးပေါ် လိုအပ်ချက် တွေရှိနေတယ်လို့လည်း စစ်ရှောင်ကူညီသူတွေဆီကသိရပါတယ်။