မတ်၊ ၃၁
Project Dragon Flyအစီအစဉ်ကနေ ရရှိတဲ့ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို လေကြောင်းရန် ကာကွယ် ရေးနဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍတွေမှာ သုံးစွဲနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်အသိပေးလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ဒီအစီအစဉ်ကနေ ရန်ပုံငွေရှာဖွေပေး သူ တွေဆီ ကတဆင့် အမေရိကန်ဒေါ်လာ နှစ် ဒဿမ နှစ်သန်းလက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြ ထားပါ တယ်။
အဲ့ဒီ ရံပုံငွေတွေထဲက အမေရိကန်ဒေါ်လာ တ ဒဿမလေး သန်းကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက်နဲ့ ကျန်တဲ့ ဒေါ်လာရှစ်သိန်းကိုတော့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက်လျာထား သုံးစွဲနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် သုံးစွဲနေတယ်ဆိုတာနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ အသေး စိတ်ရှင်းပြထားတာမရှိပါဘူး။လက်ရှိမှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေသ ကာကွယ်ရေးတပ်တွေဟာ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်လာတဲ့ အခြေအနေတွေ တော့ရှိနေ ပါတယ်။
Project Dragon Fly အစီအစဉ်ဟာ လေယာဉ်ပစ်လက်နက်ဝယ်ယူဖို့အတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ် တခု အဖြစ် လူသိများပြီး အဲ့ဒီအစဉ်မှာ ဦးဆောင်လှုံ့ဆော်ခဲ့သူတွေဟာလည်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက် မှုတွေရှိလာတိုင်း မေးခွန်းထုတ်ခံရလေ့ရှိပြီး NUGဘက်က ဒီရံပုံငွေတွေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြန် ရှင်းလင်းလာတာပါ။
Project DragonFly ရန်ပုံငွေတွေနဲ့ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာလည်း အောင်မြင်မှုတွေ ရှိနေပြီး လုံခြုံရေးအရ သင့်လျော်တဲ့ အချိန်တွေမှာ ထုတ်ပြန်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
နိုင်ငံတကာရန်ပုံငွေ ရှာဖွေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ရန်ပုံငွေ ရှာဖွေရေးစီမံချက်တွေက ရရှိတဲ့ ရန်ပုံငွေတွေ ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့် မရှိ လက်ခံရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ လေကြောင်းရန်ကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ရေးတွေမှာ ရန်ပုံငွေသုံးစွဲနိုင်လာမှုကို ကြိုဆိုကြပြီး လေကြောင်းတိုက်ခိုက်မှုသာ အဓိက အားထားနေရတဲ့ စစ်တပ်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ လိုအပ်နေတယ်လို့ ပြောကြပါတယ်။
“တနိုင်ငံလုံး လွှမ်းခြုံနိုင်ရင်တေ့ာ ကောင်းတာပေါ့နော်၊ဒီလောက်ဘတ်ဂျတ်နဲ့ တနိုင်ငံလုံးက မရရင်တောင်မှ အ ရေးကြီးတဲ့နေရာတွေ လေကြောင်းတိုက်ခိုက်မှုခဏ၊ ခဏ လုပ်ခံနေရတဲ့ နေရာတွေမှာတေ့ာ တပ်ဆင်ပေး လာနိုင် မယ်ထင်ပါတယ်”လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကNUG ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။