ရွှေဘိုမြို့မှာပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပြီး ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဆယ်ဝန်း ကျင်ဒဏ်ရာရ

မတ်၊ ၂၈

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က နေရာသုံးခုမှာ ဒီကနေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ နာရီပိုင်းအတွင်းပေါက်ကွဲမှု သုံးကြိမ်ဆက် တိုက် ဖြစ်ကာ လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားတဦး သေ ဆုံးတဲ့အပြင် ဒဏ် ရာ ရသူနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

 ရွှေဘို့မြို့ အဝေး‌ပြေးကားဝန်းအနီးတံတား‌ပေါ်၊ ရွှေပလောင်ဆေးရုံအနီးနဲ့ သိရိမင်္ဂလာ (၆)ရပ်ကွက်တို့မှာ ဒီကနေ့ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ခဲ့တာလို့သိရပါတယ်။

 “မြို့လယ်ကောင်ကြီးပေါက်တော့ ထိခိုက်တဲ့သူတွေများတယ်၊ ကလေးတဦးက ဆေးရုံအရောက်မှာပဲ ဆုံးတယ်၊ အမျိုးသားတဦးကနေရာမှာတင် ဆုံးတယ်၊ ရွှေဘိုဆေးရုံကြီးကိုပို့ဆောင်နေတယ်၊ ဒဏ်ရာပြင်းထန်တဲ့သူတွေကို မန္တလေးဆေးရုံကြီး ကိုပို့ပေးနေရတယ်၊ အခုကပထမဆုံးပေါက်တဲ့နေရာက လူတွေ အခုလည်း ပေါက်ကွဲမှုတွေ ဆက် ဖြစ်နေတယ်”လို့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ပရဟိတအဖွဲ့ဝင် တဦး ကDNAကို နေ့လယ် နှစ်နာရီဝန်းကျင်မှာပြောပါတယ်။

 အဲ့ဒီဗုံးပေါက်ကွဲမှုသုံးကြိမ်မှာ ပထမဆုံးပေါက်ကွဲမှုဖြစ်တဲ့ အဝေးပြေးကားဝန်းအနီးပေါက်ကွဲမှုတခု တည်းမှာ တင် သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူ(၁၉)ဦးရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ပေါက်ကွဲမှုနှစ်ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေ ထပ်ရှိ မရှိမသိရသေးပါဘူး။

ကားကြီးဝန်းအနီးပေါက်ကွဲမှုအတွင်း ကုန်တင်ဒိုင်နာကားပေါ်လိုက်ပါလာသူနှစ်ဦး၊ဆို င်ကယ်စီးလာသူတွေ အ ပါအဝင် လမ်းသွားလမ်းလာတွေနဲ့ မူးမြစ်ထဲကနေ ရေခပ်နေသူနှစ်ဦးစတဲ့အရပ်သားတွေ ထိခိုက်ခဲ့ကြတာလို့သိ ရပါတယ်။

 ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားဟာ ရွှေဘိုနယ်တောင်တွင်းရွာကနေ ဈေးလာဝယ်သူတဦးဖြစ်ပြီး အသက်လေးနှစ်အရွယ် ယောက်ျားလေးတဦးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံ ပို့ချိန်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

 အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သူတွေထဲကအသက်အန္တရာယ်စိုးရိမ်ရသူ ခြောက်ဦးကို မန္တလေးဆေးရုံ ကြီး အရေးပေါ်ဌာနကို ပို့ ပေးနေတယ်လို့လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းရွှေဘိုမြို့နယ်က တာဝန်ရှိ သူတဦးကပြောပါတယ်။

 ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်လိုစတင်ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းမသိရသေးပါဘူး။

 ရွှေဘိုမြို့တွင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ၂၅ရက်ကလည်း မန္တလေးကနေရွှေဘိုကိုလာတဲ့ဒို့လူပျိုခရီးသည် တင်ကားမိုင်းနင်း မိတာကြောင့် သံဃာတပါး နဲ့အမျိုးသမီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို အဲ့ဒီနေ့မှာပဲအောင်ရတနာခရီးသည်တင်ကား မိုင်း ထပ်နင်းမိတာကြောင့် အမျိုးသားသုံးဦးမိုင်းစထိမှန်ဒဏ်ရာတွေရခဲ့ကြပါသေးတယ်။