ကျည်အစစ်တွေသုံးပြီးပြည်ပကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ NUG ရဲ့တော်ဝင်ဒေါင်းစစ်ကြောင်း

မတ်၊ ၂၈

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၂) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တခုဖြစ်တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတွေကို မနေ့မတ်လ ၂၇ ရက်က အဖွဲ့ကထုတ်ပြန်ထားပါတယ်။

စစ်မြေပြင်အထောက်အကူပြုစေမယ့် စစ်ရေးလေ့ကျင့်မှုတွေကို ကျည်အစစ်တွေသုံးပြီး ပြည်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ စာတွေ့လက်တွေ့သင်ကြားပို့ချမှုတွေပြုလုပ်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရက်ရှည်မွမ်းမံသင်တန်းတက်ရောက်ပြီးသူတွေဟာ ရှေ့တန်းစစ်မျက်နှာကိုရောက်နေတဲ့ တပ်ရင်းစစ်ကြောင်းတွေကိုအားဖြည့်ဖို့အတွက် နောက်တန်းကနေ လေ့ကျင့်သားပိုပြီးပြည့်ဝအောင် တိုက်ပွဲပုံစံဖော်ဆောင်ပြီး ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့အကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။