ကျိုက်ထို၊မရမ်းချောင်းစစ်ဆေးရေးဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ တဦးသေ

မတ်၊ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာရှိတဲ့ မရမ်းချောင်စစ်ဆေးဂိတ်ဒရုန်းနဲ့ တိုက်ခိုက် ခံရ တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးသေဆုံးကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင် စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဒီကနေ့ မတ် လ၂၇ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးလေး လုံးပစ်ချတိုက် ခိုက်ခံရတာလို့သိရပါတယ်။

ဒရုန်းကနေ ပစ်ချလိုက်တဲ့ ဗုံးသီးတွေဟာ စစ်ဆေးရေးဂိတ်ကောင်တာ၊ ဘေးနားက ကတုတ်ကျင်းပေါ်နဲ့ ရုံးအ ဆောက်အဦဘေးနားကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ် ရာရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့မရဲစခန်းနဲ့ နီးစပ်သူ တဦးက DNA ကို ပြောပါတယ်။

 “ဒရုန်းက နှစ်လုံးအရင်ကျတယ်၊ ပြိုင်တူလို့ ပြောတယ်၊ ရှေ့ဆင့်နောက်ဆင့်ပဲ ကျန်တဲ့ နှစ်လုံးကလည်း၊ ပေါက်ကွဲ တာပေါ့၊ ဟုတ်တယ်၊ရဲတဦးကျတယ်၊ အဲ့မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းနဲ့ ရဲ ပေါင်း ငါး ဦးက ဒဏ်ရာရတယ်၊ ကျန် တဲ့ သူနည်းနည်းလောက်ဒဏ်ရာရတာရှိပါတယ်”လို့သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ ဌာနဆိုင်ရာဝန်ထမ်းသုံးဦးနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်ပြီး အဲဒီအထဲက သုံးဦးက ဒဏ်ရာ ပြင်းထန်တာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကို တင်ပို့ထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

 စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်ရမ်းသန်းပစ် ခတ်တာ၊ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေလည်း လုပ်ခဲ့ပြီး KNU ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေဘက်ကို စစ်ကြောင်းထိုးတာတွေ ဝင်ရောက်သွားတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“မရမ်းချောင်ဂိတ်မှာ ပစ်သံတွေ ကြားရပြီးတော့ စစ်သားတွေ အများကြီးရောက်လာတယ်၊ ကားနဲ့လေ၊ အဲနေရာ နဲ့က လမ်းတွေမှာ သူတို့ ခဏ စစ်ဆေးနေတယ်၊ ပြီးတော့ တောလမ်းတွေဘက်ဝင် သွားတာပဲ၊ အဲနားက ရွာက လူတွေ ပြောတာတော့ တောနင်းရှာဖွေဖို့လို့ ပြောတယ်” လို့သူက ပြောပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးသလို DNA အနေနဲ့ အတည် ပြုနိုင်ဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်ကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

 ဒါ့အပြင် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ရှိတဲ့ ရေးတံတားကြီးစစ်ဆေးရေး ဂိတ်စခန်းကိုလည်း ဒီကနေ့ မနက် ပိုင်းမှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရ သေးဘူးလို့ ဆိုပါတယ်။

 မွန်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွေဟာ မကြာခဏတိုက်ခိုက်ခံရလေ့ရှိ တာကြောင့်  ပြီးခဲ့တဲ့လကစလို့အဲ့ဒီဂိတ်တွေမှာ အင်အားထပ်ဖြည့်ထားသလို နေရာအနှံ့မှာလည်း လုံခြုံရေးကင် မရာ CCTV တွေ တပ်ဆင်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။