စစ်ကောင်စီရဲ့ တပ်မတော်နေ့ကို ခင်ဦးက ကောက်စိုက်ပြည်သူတွေဆန့်ကျင်

မတ်၊ ၂၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က  ကျေးရွာဒေသခံတချို့ဟာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ကိုဆန့်ကျင်ကြောင်း ကောက်စိုက်ရင်း ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့တပ်မတော်နေ့မှာ စစ်အာဏာရှင်ကိုအလိုမရှိကြောင်း၊ ကျဆုံးပါစေကြောင်းနဲ့  NUG ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး