ရေဖြူမြို့၊ မြို့မရဲစခန်းနဲ့ နတလရုံးပစ်ခတ်တိုက်ခိုက်ခံရ

မတ်၊ ၂၅

 တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်မှာ မတ် ၂၄ ရက် ညနက်ပိုင်းက မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတခုကိုပြည်သူ့ ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဌာနဆိုင်ရာရုံးကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

 “ ၁၂ နာရီလောက်မှာ လက်နက်ကြီးအသံတွေ အရင်ကြားရတယ်၊လက်နက်ကြီးတွေရော၊ လက်နက်ငယ် တွေ ရော ပစ်နေတဲ့အသံက စဖြစ်တဲ့အချိန်က တွက် မယ်ဆိုရင် တနာရီကျော်ကြာတယ်”လို့ ရေဖြူဒေသခံတဦး ကပြောပါ တယ်။

အဲဒီပစ်ခတ်မှုတွေဟာ ရေဖြူမြို့ပေါ်က မြို့မရဲစခန်းနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးရုံး(နတလ) တွေတိုက်ခိုက်ခံရတာဖြစ်ကြောင်း မနက်လင်းမှ ဒေသခံတွေသိကြရတယ်လို့ဆိုပါတယ်။

မြို့ခံရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအခြေအနေတွေကို အသေးစိတ်မသိရပေမယ့် နတလရုံးကတော့ မီးလောင်ပျက်စီးသွားပြီး ရုံးအတွင်း နေကြတဲ့ ဝန်ထမ်းတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့သိရပါတယ်။

“ရုံးကတော့ အကုန်လောင်ပါတယ်၊အဲဒီရုံးမှာက ဝန်ထမ်းတွေ နေတာ ရှိတယ်၊ နည်းနည်းပါးပါးပေါ့၊ သူတို့တွေ တော့ ထိခိုက်တာမျိုးတော့ မကြားရဘူး၊ မရှိဘူးလို့ ပြောပါတယ်။ ဖြစ်တဲ့ အချိန်မှာ ထွက်ပြေးသွားကြတာလည်း ဖြစ်နိုင်တယ်” လို့ရေဖြူမြို့နယ် ဒေသခံကပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တယ်ဆိုတာ အတိအကျမသိကြရတဲ့ လက်နက်ကြီးကျည်တွေ ရေဖြူမြို့အနောက်ဘက်က နေအိမ်တွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ အရွယ်အဖွားအိုတဦးနဲ့ အမျိုးသမီးတဦးထိခိုက်ဒဏ်ရာတွေရခဲ့ပြီး ရေဖြူဆေးရုံမှာ ဆေးကုသမှုခံယူ နေရတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေစစ်ဆေးတာမျိုးမရှိဘဲ ပုံမှန်အ တိုင်းသွားလာ လှုပ်ရှားနေ ကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို DNA အနေနဲ့ ဆက်သွယ်ဖို့ ကြိုး စားခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း ရေဖြူမြို့နယ်လဝကရုံးကို အ မည်မသိလက်နက်ကိုင်အဖွဲ့တခုက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဓာတ်ပုံ – Google