မတ်၊ ၂၅
အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ မှတ်ပုံပြန်တင်တဲ့ ပါတီ စုစု ပေါင်း (၅၀) ကျော်အထိ ရှိလာပြီး အဲ့ဒီအထဲမှာပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနေရာမှ အနိုင်မရခဲ့တဲ့ နိုင်ငံ ရေး ပါတီ (၄၁) ပါတီအထိ ပါဝင်နေပါတယ်။
စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းပြီးနောက် ဖေဖော်ဝါရီ လဆန်း ကစလို့ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုထားတာပါ။ ဒီကနေ့အထိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းတွေအရ မှတ်ပုံပြန်တင်တဲ့ ပါတီ (၅၂) ခုထဲ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီ(၁၁)ခုပါဝင်ပါတယ်။
တည်ဆဲ နိုင်ငံရေးပါတီကိုးဆယ်ကျော်ထဲက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာအနိုင်ရကိုယ်စားလှယ်ရှိတဲ့ နိုင် ငံ ရေး ပါ တီ (၁၉)ခုရှိပြီး အဲ့ဒီအထဲက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)ရှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ ချုပ်(SNLD)တို့ကတော့မှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ထုတ်ပြောထားပါတယ်။
ကျန်တဲ့အနိုင်ရပါတီတွေထဲက (၁၁)ခုဟာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှတ်ပုံတင်ထားပြီးဖြစ်သလို လက်ရှိစာရင်းတွေမှာမပါသေးပေမယ့် မှတ်ပုံပြန်တင်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီသုံးခုထက်မနည်းရှိနေပါ သေးတယ်။
လက်ရှိအထိ မှတ်ပုံပြန်တင်ထားတဲ့ ပါတီတွေထဲ ပြည်ခိုင်ဖြိုး၊ မွန်ညီညွတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုး တက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ရခိုင့်ဦးဆောင်ပါတီ၊၊ကချင်ပြည် နယ်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဝ အမျိုးသားပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နဲ့ ပါတီအမည်အ ပြောင်းအလဲလုပ်ထားတဲ့ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကသာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရကိုယ်စားလှယ်တွေ ရှိခဲ့တာပါ။
စစ်ကောင်စီက နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ အစောပိုင်းကာလတွေမှာ ပါတီအနည်းစုကသာ မှတ်ပုံတင်ခဲ့ကြပေမယ့်သတ်မှတ်ကာလကုန်ဆုံးဖို့နီးကပ်လာချိန်မှာ မှတ်ပုံတင်တဲ့ပါတီအရေအတွက် ဆက်တိုက် မြင့်တက်လာတာပါ။
စစ်ကောင်စီကဖွဲ့ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မတ်လ(၂၄)ရက်တရက်တည်း မှတ် ပုံတင်ခွင့်ပြန်လျှောက်တဲ့ပါတီ (၁၂)ပါတီအထိရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းပါဝင်မှုမလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေက ပြောဆိုထားကြပေမယ့် အခုလိုမှတ်ပုံပြန်တင်တဲ့ပါတီတွေဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ လူ့ဘောင်သစ်ဒီမို ကရက် တစ်ပါတီ ဥက္ကဌဦးအောင်မိုးဇော်ကပြောပါတယ်။
“မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ကြတယ်ဆိုတော့ ကျိန်းသေတာက ပြည်သူတွေက မလိုလာပါဘူး ပြောနေတဲ့၊ စစ်အုပ်စု စီစဉ်တဲ့ အောက်မှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောနေတာဖြစ်တယ်။ အဲလိုပါတီတွေဟာ ပြည်သူတွေက ကျိန်းသေ ပေါက် ဆန့်ကျင်လိမ့်မယ်၊ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်”လို့ သူကပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ မှတ်ပုံပြန်တင်မှာမဟုတ်သလို လက်ရှိပါတီခေါင်းဆောင်တွေကိုလည်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုကာ စစ်ကောင်စီကပုဒ်မတပ်ပြီး ဖမ်းဝရမ်းထုတ် ထားပါတယ်။
လက်ရှိမှတ်ပုံပြန်တင်ထားတဲ့ပါတီတွေထဲ ပြည်ခိုင်ဖြိုးတပါတီတည်းကသာ ကိုယ်စားလှယ်လောင်း (၇၁)ဦးအထိ အနိုင်ရခဲ့ပြီး အနိုင်ရအ မတ်အများဆုံးပါတီအဖြစ်ရှိနေပါတယ်။ရခိုင်အမျိုးသားပါတီက(၁၅)ဦးအနိုင်ရကာ မွန်ညီ ညွတ်ရေးပါတီနဲ့၊ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီတို့ကတော့ ဆယ်ဦးကျော်စီအနိုင်ရခဲ့ ပါတယ်။ကျန်ပါတီ တွေက တော့ အနိုင်ရ အမတ် ငါးဦးတောင်မရှိခဲ့ပါဘူး။
ကျန်တဲ့ ၄၀ကျော်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့သလို ရွေးကောက်ပွဲတွေမှာအကြိမ် ကြိမ်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ကိုယ်စားလှယ်တဦးမှအနိုင်မရဖူးတဲ့ ပါတီတွေ လည်းပါဝင်ပါတယ်။
အဲဒီပါတီတွေထဲ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ စစ်ကောင်စီရဲ့ လက်ရှိ ဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေပါဝင်ပါတယ်။
ဒါ့အပြင်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေအဖြစ် တာဝန်ယူခဲ့သလို လက်ရှိအကြံပေးအဖွဲ့ဝင်တွေ အဖြစ် ဆက်လက်ပါဝင်နေတဲ့ ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်၊ဦးခင်မောင်ဆွေဦးဆောင်တဲ့ အမျိုး သားဒီမိုကရေစီအင်အားစုပါတီတွေကလည်း မှတ်ပုံပြန်တင်ထားကြပါတယ်။
အဲ့ဒီနှစ်ပါတီလုံးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးပေမယ့် ၂၀၁၅ရွေးကောက်ပွဲကစလို့ ရွေးကောက်ပွဲတွေ မှာ အနိုင်ရတာမရှိတော့ပါဘူး။ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ ပြည်ထောင်စုတဝှမ်းလုံးမှာ စည်းရုံးမယ့် ပါတီအဖြစ် မတ်လ ၂၄ ရက်က ပြန်လည်မှတ်ပုံတင်ခဲ့တာပါ။
စစ်ကောင်စီက ပါတီတည်ထောင်ခွင့်နဲ့ ရပ်တည်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေကို တင်းကျပ်လိုက်ပြီးနောက် မနေ့ကအထိ မှတ်ပုံတင်ပြန်တင်တဲ့ ပါတီ ၅၂ ခု အနက် တနိုင်ငံလုံးမှာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီ ၁၂ ခုသာရှိပြီး ကျန်ပါတီတွေကတော့ တိုင်းနဲ့ပြည်နယ်တွေမှာသာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ၊ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)တို့အပါအဝင် နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ တော်လှန် ရေးအင် အားစုတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို ပူးပေါင်းပါဝင်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – UEC