ဗဟန်းမြို့မှာကားပိုင်ရှင်တဦးလုယက်သတ်ဖြတ်ခံရ ကားလည်းပျောက်ဆုံးနေ

မတ် ၊ ၂၄

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အ မျိုးသားတဦး နေအိမ်ကနေ ကားနဲ့ထွက်သွားရာကလုယက်သတ်ဖြတ်ခံရပြီး ကားလည်းပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်၊သိင်္ဂီလမ်းမှာနေထိုင်တဲ့အဲ့ဒီအမျိုးသားဟာ မတ်လ ၂၂ရက်ကနေအိမ်ကနေ ကားနဲ့ထွက်သွားရာကပြန်မရောက် လာဘဲ နောက်တရက်မနက်မှာ ဒဏ်ရာတွေနဲ့ရုပ်အလောင်းကို ဗဟန်းမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။

၊ဗဟန်းမြို့နယ်၊ဗိုလ်ချို (၂)ရပ်ကွက် နတ်မောက်လမ်းသွယ်(၁)ထဲမှာ အမျိုးသား တဦး ဓားဒဏ်ရာများနဲ့ သေဆုံးနေကြောင်း သက်ဆိုင်ရာကအသိပေးလို့သွားရောက်သယ်ယူခဲ့ရတယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

“သူ့ ကိုယ်ပေါ်မှာ ဖုန်းတလုံးတွေ့တယ်၊ အဲ့ဒီဖုန်းနဲ့ပဲ မိသားစုကိုဆက်သွယ်အကြောင်းကြားထားတယ်လို့ မျက်မြင်တွေ့တဲ့‌သူတွေကပြောတယ်၊ ကျွန်တော်တို့ကို ရဲစခန်းကအကြောင်းကြားလို့ body ကိုရင်ခွဲရုံပို့ပေးလိုက်တယ်၊ လည်ပင်းနဲ့ရင်ညွှန့်တွေမှာ ထိုးသွင်းဒဏ်ရာတွေတွေ့တယ်၊ ပေါင်မှာလည်း တစ်ချက်တွေ့တယ် နာမည်တော့ မသိဘူး “လို့သူကပြောပါတယ်။

သတ်ဖြတ်ခံရတဲ့အမျိုးသားဟာ အသက်(၅၅)နှစ်ဝန်းကျင်ရှိသူဖြစ်ပြီး သူမောင်းနှင်သွားတဲ့ Cherry QQ အမျိုးအစား ယာဉ်နံပတ် MDY CC- 5489ကလည်းပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။သေဆုံးသူဟာ ကိုယ်ပိုင်ကားနဲ့ရင်းနှီးသူတွေကိုအငှားလိုက်ပို့ပေးတာမျိုးရှိပေမယ့် Taxi ဆွဲသူမဝုတ်ဘူးလို့သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ (Taxi)အဌားယာဉ်တွေကို အုပ်စုလိုက်လုယက်တဲ့ဖြစ်စဥ်တွေဆက်တိုက်ဖြစ်နေပြီး မဂ်လာဒုံမြို့နယ်နဲ့ပုလဲမြို့သစ်တွေမှာ အခုရက်ပိုင်းအတွင်းကားလုယက်မှုနှစ်ကြိမ်ဖြစ်ကာယာဉ်မောင်းတွေလည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။

Photo မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့