မတ်၊ ၂၃
ချင်းပြည်နယ် မတူပီ- ပလက်ဝသွား ကားလမ်းပေါ်မှာ လက်ရှိ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေလို့ အဲဒီလမ်းပိုင်းအနီးက ကျေးရွာ ၅ ရွာကဒေသခံတွေ လေကြောင်းရန် သတိထားကြဖို့ Chinland Defence Force Mutupi ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၂ရက်ကနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးခဲ့သလို ဒီကနေ့ မနက်ပိုင်းအထိ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေသလို လေယာဥ်တွေ အသုံးပြုတိုက်လာနိုင်တဲ့အတွက် ဒေသခံတွေဘေးကင်ရာကို ရွေ့ပြောင်းကြဖို့နဲ့
ကတုတ်ကျင်းတွေ တူးကြဖို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ စစ်ရေးဌာနမူး Nai John Kim က DNA ကိုပြောပါတယ်။အဲဒီလမ်းပိုင်းပေါ်က တွီရှစ်ရွာ၊ ဝလံပီးရွာ၊ ကလားရွာ ၊ ဝလံတဲရွာ၊ လေဆင်းရွာ စတဲ့ ရွာ၅ ရွာကဒေသခံတချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။
” မတူပီ-ပလက်ဝ လမ်းမပေါ်ရှိတဲ့ရွာက ၅ရွာရှိတယ်။ အိမ်ခြေနဲ့ဆို ၅၀၀လောက်ရှိတယ်ဒါပေမဲ့တချို့လူတွေဆိုရင် လွတ်မြောက်နယ်မြေရောက်ကုန်ကြတယ်။ တဝတ်လောက်ကရှိနေသေးတယ်ဆိုတော့.သူတို့ကိုဘေးကင်းအောင် နေဖို့တော့လိုတာပေါ့။လေကြောင်းသုံးလို့ရှိရင် ကျေးရွာတွေပါ ချန်အုံးမှာမဟုတ်ဘူး။
ပြည်သူမှန်းမသိ ရန်သူမှန်းမသိ ရမ်းသမ်းပစ်နေပစ်ရင်တော့ ဘယ်လိုမှ တာဆီးလို့မရဘူး။ ဒါကြောင့် လေကြောင်းရန် ကာကွယ်နိုင်ဖို့ရန်အတွက် အသိပေးရခြင်းဖြစ်တယ်” လို့ သူကဆိုပါတယ်။
ဒီလ ၂၀ ရက်နေ့က စပြီး မတူပီမြို့ စစ်ကောင်စီရဲ့ ခလရ(၃၀၄) က မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းကို စားနပ်ရိက္ခာတွေ ဖြည့်နိုင်ဖို့ အင်အား ၈၀ လောက်က ကား(၃)စီးနဲ့ တိုက်ခွာလာတာပါ။ အဲဒီစစ်ကြောင်းကို လာရာ – မတူပီ-ပလက်ဝလမ်း မိုင်တိုင်(၁၂) တွီးရှစ်ရွာ အထွက် နားမှာ ချင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာ ၃ ရက်လောက်ရှိနေတာပါ။
စစ်အုပ်စုဖက်က ၃ ရက်တာတိုက်ပွဲအတွင်းမှာ ၆ ဦးသေဆုံးပြီး အထိအခိုက်အများအပြားရှိနေလို့ အင်အားဖြည့်တင်းတာတွေအပါအဝင် ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့သယ်ထုတ်နေတယ်လို့ သူကဆိုပါတယ်။
” အဲဒီလမ်းက ပေ ၅၀ လမ်းဖြစ်တယ်။ သူတို့(စကစ) အလောင်းကိုချက်ချင်းမကောက်ကြပါဘူး။ တော်တော်ကြာမှ လာကောက်ကြတာပါ။
ကျတော်တို့လဲ အလောင်နားကို မကပ်ရဲတော့ အဝေးကနေဘဲ စောင့်ကြည့်နေရတယ် ” လို့ သူကပြောပါတယ်။ လက်ရှိမှာ စစ်အုပ်စုက ရှေ့မတိုးနိုင်သေးဘဲ တွီရှစ်ရွာ မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီ နှစ်လအတွင်း စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု၅၃ ကြိမ်၊ ဗုံးအလုံးရေ၁၄၀ခန့်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မင်းတပ်၊မတူပီ၊ ဟားခါးနဲ့ထန်တလန်မြို့တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ၁၀နဲ့၁၁ရက်တွေမှာ ထန်တလန်က ချင်းအမျိုးသားတပ်ဦးCNFဌာနချုပ်ကိုဂျက်တိုက်လေယာဉ်နှစ်စီးနဲ့တိုက်ခိုက်ခဲ့လို့ တပ်သါးငါးဦးသေဆုံးကာ ဆေးကုသဆောင်နဲ့အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။
တခြားလေကြောင်းတိုက်ခိုက်မှုမှာလည်းချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနဲ့ဒေသခံခြောက်ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စစ်အုပ်စုက မြို့နယ်ပေါင်း၄၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားရာ ချင်းပြည်နယ်က ပလက်မြို့နယ်ကလွဲရင်ကျန်ရှစ်မြို့နယ်ပါဝင်ပါတယ်။
ပုံစာ – ၂၀၂၃ခုနှစ်၊ဇန်နဝါရီလအတွင်းက ထန်တလန်မြို့က ချင်းအမျိုးသားတပ်ဦး CNFဌာနချုပ်ကို စစ်ကောင်စီကလေကြောင်းကတိုက်ခိုက်ခဲ့စဉ်။