မန္တလေးကျုံးရေပြင်အတွင်း ဆေးကျောင်းသားတဦး ခုန်ချအဆုံးစီရင်

မတ်၊ ၂၁

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၂၆ လမ်းနဲ့ ၇၇ လမ်းထောင့်က ကျုံးတောင်ဖက် ရေ ပြင်အတွင်း ဆေးကျောင်းသားတဦး ခုန်ချအဆုံးစီရင်ခဲပြီး ရေနစ်သေဆုံးသွားတယ် လို့ လူမူကယ်ရေးလုပ်ကိုင်သူ တွေကပြောပါတယ်။

ဒီကနေ့ မတ်လ၂၁ရက်မနက် ၆ နာရီလောက်မှာ အမျိုးသား တဦးကျူံးရေပြင်အတွင်း ခုန်ချခဲ့တာကြောင့်လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ခဲ့ပေမယ် အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကိုပဲ ရရှိခဲ့တာလို့သိ ရပါတယ်။

ရေနစ်သေဆုံးသွားသူ အမျိုးသားဟာ အသက် (၂၉) နှစ်အရွယ် ကိုဇော်မျိုးထက် ဆိုသူဖြစ်ပြီး ဟေမာဇလ ရပ်ကွက်တွင်နေထိုင်သူ ဆေးကျောင်းသားတစ်ဦးဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ရေထဲ ခုန်ချသွားတာလို့တော့ မြင်တဲ့သူတွေကပြောကြတာပေါ့၊ဘာကြောင့် အခုလိုလုပ်တာတော့ မသိရ သေးဘူး၊ သူ့အိမ်ကပြောတာကတော့ ဆေးကျောင်းသားလို့ပြောတယ် ” လို့ သူကပြောပါတယ်။

အဲဒီအမျိုးသားကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေပူပေါင်းပြီး နာရီဝက်အကြာ ရှာဖွေရေး တွေလုပ်ခဲ့ရပြီး ရုပ်အလောင်းကို မန္တလေးပြည်သူဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဘာကြောင့်အခုလို အဆုံးစီရင်ခဲ့တယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး။သတင်းမှတ်တမ်းတွေအရ မန္တလေးကျုံးအတွင်း ခုန်ချသေဆုံးမှုတွေ နှစ်စဉ်ဖြစ်လေ့ရှိသလို ရေဆင်းချိုးရာက သေဆုံးသူတွေ၊မတော်တဆ ပြုတ်ကျပြီးသေဆုံးသူတွေလည်းရှိခဲ့ပါ သေးတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ၂၀၂၁ခုနှစ် ဇွန်လကလည်း မန္တလေးမြို့ ၂၆လမ်းနဲ့ ၂၇လမ်း ထောင့်မှာ ကျုံးထဲ ရေးဆင်းချိုးတဲ့ စစ်သားတဦးသေဆုံးခဲ့ပါသေးတယ်။