စစ်ကိုင်းတိုင်း၊ချောင်းဦးနယ်ကတော်လှန်အလှူ

မတ် ၊ ၂၀

လက်ရှိနွေဦးတော်လှန်ရေးကာလ စစ်ကိုင်းတိုင်းလို့ ဆိုလိုက်တာနဲ့ စစ်ကြောင်းထိုးမီးရှို့၊သတ်ဖြတ်၊တိုက်ပွဲဖြစ် ဆိုတဲ့ စကားလုံးတွေကိုပဲ အရင်ဆုံးပြေးမြင်မိကြမှာပါ။စစ်ကိုင်းတိုင်းနဲ့တွဲပြီး နောက်ထပ် သတိရသင့်တဲ့ စကားလုံးတခုကတော့ “အာဏာရှင်ဆန့်ကျင် တော်လှန် ဆန္ဒ ပြမှု”တွေဖြစ်ပါတယ်။

ခုခံတော်လှန်စစ်ရဲ့ အချက်အခြာဒေသလို့တင်စားခံရလေ့ရှိတဲ့ စစ်ကိုင်းနယ်မှာ တရက်မပျက် စစ်ကြောင်းထိုးမီးရှို့ မှုတွေရှိသလို တရက်မပျက် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေလည်းရှိနေတာပါ။

တောင်ယာသပိတ်၊မီးရှို့ခံထားရတဲ့ ရွာထဲမှာလုပ်တဲ့သပိတ်စသည်စသည် နာမည်မျိုးစုံနဲ့ သပိတ်လှုပ်ရှားမှုတွေ စစ် ကိုင်းကဒေသအစုံမှာ တရက်မပျက်ရှိနေတာပါ။

အခုတခေါက်ဖော်ပြမှာကတော့ “တော်လှန်အလှူ”သပိတ်လှုပ်ရှားမှုဖြစ်ပါတယ်။အရင်ကတည်း အလားတူလှုပ် ရှားမှုတွေ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာရှိခဲ့ဖူးပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရှင်ပြုနားသအလှူတခုမှာ ချောင်းဦးမြို့နယ်လူငယ် သပိတ်အင်အား စု ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ “တော်လှန်အလှူ”လှုပ်ရှားမှုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီသပိတ်အင်အားစုက ဖော်ပြထားတဲ့ပုံ ရိပ် တွေကိုပြန်လည်မျှဝေလိုက်ပါတယ်။