တိုက်ပွဲတွေကြားက လူထုသပိတ်လှုပ်ရှားမှုများ

မတ်၊ ၁၈

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။

ပြည်တွင်းမှာ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစု ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်မှုတွေ စတင်ကတည်းက အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်း ထိုးမီးရှို့မှုတွေဆက်တိုက်လုပ်ခဲ့ပေမယ့် အဲ့ဒီဒေသထဲမှာ လူထုသပိတ်လှုပ်ရှားမှုတွေတရက်မပျက်ရှိနေခဲ့တာပါ။

လက်ရှိလည်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက(၁၄)မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကြောင်းထိုး မီးရှို့တာနဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေအထိ ရက်ရက်စက်စက်ဖိနှိပ်နေပေမယ့် လူထုသပိတ်တွေဟာ ဆက် လက်အားကောင်းနေဆဲပါ။

ဒီကနေ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ် ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေထွက်ပြေး နေကြရပေမယ့် ဒီကနေ့မှာပဲ ယင်းမာပင်၊ဆားလင်းကြီး မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေဆက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ကလေးမြို့နဲ့တန့်ဆည်စတဲ့ ဒေသ တွေက သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ မှုလုပ်ခဲ့ကြပါတယ်။ ကလေးမြို့မှာ ပင်မသပိတ်အင်အားစုတွေက ဦးဆောင်ပြီး ဒီကနေ့မွန်းလွဲပိုင်းက စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့​ကြပါတယ်။

တန့်ဆည်မြို့နယ်မှာတော့ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အနုပညာရှင်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ တန့် ဆည်ပင်မသပိတ်အင်အားစုတွေက ဆန္ဒပြခဲ့ကြပါတယ်။ ယင်းမာပင်မြို့နယ်မှာတော့ တောင်ယာလုပ် ပြည်သူတွေ နဲ့ ရွှေနွယ်သွေး သပိတ် အင်အားစုတို့ ကပူးပေါင်းအာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

အခုလို အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတာကို ယင်းမာပင်မြောက်ခြမ်းက ပြည်သူတွေကလည်း ဒီကနေ့မွန်း လွဲပိုင်းက လုပ်ဆောင်ခဲ့ပါသေးတယ်။

ကချင်ပြည့်နယ်၊ဖားကန့်မြို့နယ်မှာတော့ ဒေသခံတွေက KIA၊PDF၊NUG ကိုထောက်ခံကြောင်းနဲ့ စစ်အာဏာ ရှင်ကိုဆန့်ကျင်တဲ့အကြောင်း ဆန္ဒပြခဲ့ကြပါသေးတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ၊ကြို့ပင်ကောက်မြို့နယ်မှာတော့ ကြို့ပင်ကောက်မြို့နယ် လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့​ကြပါတယ်။

ရန်ကုန်မြို့မှာတော့ ရေဘဝဲ(ပြည်သူ့အကျိုးဆောင်လူငယ်အဖွဲ့အစည်း)က “မပြီးသေးဘူး။ငါတို့အလှည့် ကျန်သေးတယ်”စာသားပါ ဘန်နာကို ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ချိတ်ဆွဲပြီး ပြောက်ကျားသပိတ်လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ (ဗကသများအဖွဲ့ချုပ်) နဲ့Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်းပြီး လုပ်ဆောင်တဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာတော့ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့ရဲ့ လူထူထပ်တဲ့ စျေးတနေရာမှာ” ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်း လမ်းဟာတိုက်ပွဲများနဲ့ပြည့် လျှံနေပါ စေ”စာတန်းကိုင်စွဲပြီး ပြည်သူလူထုအကြား သပိတ်တရားဟောတာပြုလုပ်ခဲ့ပါတယ်။

 ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန် အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သ ပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။


ဓာတ်ပုံ – သပိတ်ကော်မတီများ