မုဒုံမှာအုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံဆယ်ဦးကျော် ဖမ်းဆီးခံရ

မတ်၊ ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ အုပ် ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီးနောက်အရပ်သား (၁၀)ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်ရွဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာမတ်လ ၁၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။အဲဒီဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးမှူးရုံးအ နီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အရပ်သားတွေအ ပါအဝင် (၁၀)ဦးကျော်ကို မသင်္ကါလို့ စစ်ဆေးမေး မြန်းစရာရှိတယ်လို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တွေက သုံးရက်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ တဦးက DNA ကို ပြောပါတယ်။

“ အုပ်ချုပ်ရေးရုံးအနီးပတ်ဝန်းကျင်အိမ်တချို့ကတွေလည်းပါတယ်၊မသင်္ကာလို့ဆိုပြီး ဖမ်းတာပေါ့၊ အဲမှာ လမ်းသွားလမ်းလာတချို့လည်း ခေါ်ယူစစ်ဆေးဖို့ ဆိုပြီး ဖမ်းသွားကြ တာ” လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲ အသက် (၄၀) နှစ်ကနေ (၅၀) နှစ်ဝန်းကျင်အရွယ်အမျိုးသားအများစုပါဝင်သလို ၂၀ နှစ်ကျော်အရွယ် လူငယ်ပိုင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့သူတွေထဲက တချို့ကို မုဒုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး တချို့ကိုတော့ ဘယ်နေရာမှာ ချုပ်နှောင်ထားကို မသိရသလို မိ သားစုဝင်တွေနဲ့ အဆက်အသွယ်မရသူများလည်း ရှိကြတယ်လို့ သူက ဆိုပါတယ်။

“ဦးလေးက ရဲစခန်းမှာ ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ကျန်တဲ့သူတွေက ဘယ်မှာဖမ်းထားလဲ မိ သားစုတွေကလည်း မသိရဘူး၊သွားမေးတော့လည်း မေးမြန်းနေဆဲမို့ ပြီးရင်အကြောင်းကြားပေးမယ်၊ သူတို့ပြောတာတစ်ခုက သူတို့မဟုတ်ဘူးဆိုရင်ဘာမှ စိုးရိမ်စရာမလိုဘူး၊ ကျွန်တော်တို့ တာဝန်ယူတယ်လို့ ပြောတယ်၊ စခန်းကပြောတာ” လို့သူက ပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံပေါက်ကွဲမှုကြောင့် ရုံးအ ဆောက်အဦးပိုင်း၊ အုတ်နံရံ၊ သွပ်အမိုးနဲ့ ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တချို့သာ ပျက်စီးခဲ့ကာ လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ မော်လမြိုင်အခြေစိုက် အ ရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို မတ်လ ၁၆ ရက်ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အစီအစဉ်နဲ့ တပ်မဟာ(၆) KNDO တပ်ဖွဲ့ဝင်တွေနဲ့အတူ ခရိုင်မှ(ရှာဝူးဝေါ်ဒရုန်း)နည်းပညာတပ် ဖွဲ့၊ ကျိုက်မရောမြို့နယ် ပ.က.ဖ၊ မုဒုံမြို့နယ် ပ.က.ဖ ပူးပေါင်းအဖွဲ့တွေက အရှေ့တောင်တိုင်းရှိ ရတခတိုင်းရုံးအရာရှိအိမ်ရာနဲ့ ဟတ်စကီးကွင်းတွေကို ပစ် မှတ်ထားပြီး ဒရုန်း ငါးစီးနဲ့ တပြိုင်တည်းတိုက်ခိုက်ရန်စီစဉ်ခဲ့ပေမယ့် မြေပြင်လုံခြုံရေးသတင်းအရ ဒရုန်း သုံးစီးသာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေရဲ့အဆိုအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဒရုန်းဖြတ်စနစ်တပ်ဆင်ထားတာကြောင့် ပစ်မှတ်ကို ထိမှန်ခဲ့ခြင်းမရှိဘူးလို့ ပြောဆိုနေသလို ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို DNA အနေနဲ့ အတည်ပြု ပေးနိုင်ခြင်းမရှိပါဘူး။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ စစ်ဘက်ရေးရာဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ရင် မော်လမြိင်မြို့ စစ်ကောင်စီ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က အဓိက စီမံကွပ်ကဲထိန်းချုပ်နေတဲ့ ဌာနချုပ်တခု ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Google