ပုလဲမှာစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့အရပ်သားလေးဦးဒဏ်ရာရ

မတ်၊ ၁၅

စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

“အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။

အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။

အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။

နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။

ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။

“သူကိုကနမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကစစ်ကြောင်းထွက်လာမှမြို့ပြင်ထွက်မိးရှို့ပြီးပြည်သူတွေရဲ့ဥစ္စာတွေကိုခိုးပြီးပျူစခန်းကိုပို့တာ ။အင်းမထီးပျူစခန်းနဲ့ ၊ဇီးဖြူကုန်းရွာပျူစခန်းကပျူတွေကို သူတို့စစ်ကြောင်းရောက်တာနဲ့အနီးနာရွာကပစ္စည်းတွေကိုသွားရောက်ခိုးယူခိုင်းတယ်”လို့ကိုနေသူရိန်ကဆိုပါတယ်။

စစ်ကောင်စီတပ်တွေစစ်အုပ်ချုပ်ရေးကြေညာထားတဲ့၄၇မြို့နယ်ထဲမှာစစ်ကိုင်းတိုင်းဒေသကြီးထဲမှာ၁၄မြို့နယ်ပါဝင်ပါတယ်။အဆိုပါစစ်အုပ်ချုပ်ရေး၁၄မြို့နယ်ထဲကပုလဲမြို့နယ်လဲပါဝင်ပါတယ်။

၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်စီတပ်တွေရဲ့အကြမ်းဖတ်မှုကြောင့်တိုင်းနဲ့ပြည်နယ်၁၄ခုမှာအရပ်သား၉၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက်မှာစစ်ကိုင်းတိုင်းအတွင်းမှာ၃၀ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့တရားရေးဌာနကထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်အတွင်းဖေဖော်ဝါရီလအတွင်းမှာနေအိမ်၅၆၇၆လုံးကျော်နဲ့အခြားအဆောက်အဦပေါင်း၇၇လုံးကျော်လည်းမိးရှို့ဖျက်စီးခံခဲ့ရပါတယ်။ 

စစ်အာဏာသိမ်းမှုအလွန် မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် စစ်ကိုင်း တိုင်းက ဒေသခံရှစ်သိန်းထက်မနည်း စစ်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တနိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။  ဒီပမာဏဟာ စစ်ကိုင်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။