ဧရာဝတီတိုင်းမှာ ရက်ပိုင်းပဲခြားပြီး တောဆင်ရိုင်းလေးကောင်အသတ်ခံနေရ

မတ်၊ ၁၅

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက သစ်တောကြိုးဝိုင်းအတွင်းမှာ  ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အသတ်ခံထားရတဲ့ တောဆင်ရိုင်းနှစ်ကောင်ကိုထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ က ကညင်ကွင်း သစ်တောကြိုးဝိုင်းကွက်  တောတွင်းချောင်း ဖျား မှာ အရေခွံဆုတ် ခံရပြီး ပုပ်ပွသေ ဆုံး နေပြီဖြစ်တဲ့ တောဆင်ရိုင်း ၂ ကောင် ကို ဒေသခံတွေ သတင်း ပေးပို့ချက် အရ တွေ့ရှိတာလို့ ရဲတပ်ဖွဲ့ ရဲ့ ကန ဦး သတင်းတစ်ရပ် ကဆိုပါတယ်။

“ဆင်က စွယ်စုံ တကောင် (ဟန်)ဟိုင်းတကောင် နှာမောင်းပြတ်နေတယ်။ အစွယ် မရှိတော့ဘူး အရေခွံ ဆုတ်ခံထားရတယ်ဆိုတော့ မုဆိုးတွေသတ် ပြီးပစ် ထားခဲ့တာ’’ လို့  ဒေသခံ သဘာဝပါတ်ဝန်း ကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်တဦးက​ DNA ကိုပြောပါတယ်။

သေဆုံးနေတဲ့ဆင်တွေဟာ အမြင့်၈ပေရှိတဲ့ စွယ်စုံဆင်အထီးတကောင်နဲ့ အမြင့် ၈ပေ ၆လက်မရှိတဲ့ ဟန်အမျိုးအစားဟိုင်းဆင်တကောင်တို့ဖြစ်ပြီး အစွယ်ဖြတ်ခံထားရပြီး ပုပ်ပွနေတာကြောင့် တွေ့ရှိတဲ့နေရာမှာပဲ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၊သစ်တောရဲ သစ်တော ဦးစီးဌာန သူတွေ က မီးရှို့ဖျက်လိုက်တယ် ဆိုပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က ပုသိမ်မြို့ ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း မှာ စွယ်စုံတောဆင် ရိုင်းတကောင် အသတ်ခံရကာ မတ်လ ၃ ရက်နေ့မှာလည်း ငပုတောမြို့ ဆင်မသစ်တောကြိုးဝိုင်းမှာ ဟန် အမျိုးအစား တောဆင်ရိုင်း တကောင် အသတ်ခံရတဲ့ဖြစ်စဉ်တွေကိုလည်း သစ်တောဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဧရာဝတီတိုင်းမှာတောဆင်ရိုင်းလေးကောင်ဟာ ရက်ပိုင်းပဲခြားပြီးအသတ်ခံရတဲ့အခြေအနေဖြစ်နေတာကိုတွေ့ရပါတယ်။

“ပုသိမ်ခရိုင်ထဲမှာ ဒီနှစ်စအတွင်းမှာပဲ တောဆင်ရိုင်း အသတ်ခံရတာ ၄ ကောင် ရှိနေပြီ။  သတ်တဲ့သူတွေ ကိုတော့ ဖမ်းမိတာ မရှိသေးဘူး”လို့ ဒေ သခံ ဆင်ချစ်သူများ အဖွဲ့ဝင်တ ဦး ကဆိုပါတယ်။

 ပုသိမ်ခရိုင်အတွင်းက ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်မြို့နယ် ထဲက သစ်တောကြိုးဝိုင်းတွေဟာ အနောက်ရိုးမနဲ့ တဆက် စပ်တည်းရှိနေပြီး တောဆင်ရိုင်း ၂၀၀ ကျော် ဝန်းကျင် လှည့်လှည်ကျက်စားနေတယ်လို့ ဒေ သခံ တောဆင်ရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ရဲ့ မှတ်တမ်းအရသိရပါတယ်။