မြန်မာသံစဉ်အဆိုတော် တွံတေးစိုးအောင်ရဲ့ နောက်ဆုံးခရီး

မတ်၊​၁၁

နိုင်ငံကျော်မြန်မာသံစဉ်အဆိုတော် တွံတေးစိုးအောင်ရဲ့ နာရေးကိုဒီကနေ့ မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ထိန်ပင်သုဿာန်မှာပြုလုပ်ခဲ့ပြီး အနုပညာအသိုင်းအဝိုင်းကမိတ်ဆွေတွေနဲ့ သူ့ပရိသတ်တချို့ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အဆိုတော်တွံတေးစိုးအောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မနက်အစောပိုင်းက ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၆၁ ရှိပြီဖြစ်ပါတယ်။

မယ်ဒလင်တလက်နဲ့ ကိုယ်ပိုင်သံစဉ်တွေဖန်တီးခဲ့တဲ့  တွံတေးစိုးအောင်ရဲ့သီချင်းများစွာထဲမှာ တရွာသားအချစ်ကပိုပါတယ်၊ ဦးနဲ့သမီး၊ အသည်းပန်းစ၊ ချစ်လို့ကြွေတဲ့အသည်း စတဲ့ တေးသီချင်းတွေဟာအောင်မြင်ထင်ရှားသလို အောင်မြင်တဲ့သီချင်းပေါင်းများစွာကိုလည်း သီဆိုခဲ့ပါတယ်။