မတ်၊ ၁၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အသက် ၂၀ အရွယ် စစ်ဘေးရှောင် အမျိုး သမီးတဦး မတ်လ ၉ ရက် ညနေပိုင်းမှာ မြွေဆိုးကိုက်ခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်ရှောင်တဲကနေ လှန်ထားတဲ့နွားတွေ သွားဆွဲရာက နေအကိုက်ခံရတာပါ၊ဘာမြွေဆိုတာတော့ မသိပါဘူး၊ မြွေမ ရလိုက်ပါဘူးဒါပေမယ့် အဲ့ဘက်နယ်မှာ မြွေပွေးနဲ့ မြွေဟောက်အပေါဆုံးပါ” လို့ ကန့်ဘလူခရိုင်အတွင်းက မြေပြင် သတင်းတွေဖော်ပြပေးနေတဲ့ ကျွန်းလှတတ်ကြွလှုပ်ရှား သူများအဖွဲ့က DNAကိုပြောပါတယ်။
မြွေဆိုးကိုက်ခံရတဲ့ လူငယ်အမျိုးသမီးဟာ လက်ရှိမှာတော့ မြွေဆိပ်ဖြေဆေးထိုးကုသမှုခံယူနေတာကြောင့် အ သက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်နေတာတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တောတိုက်တွေထဲ တိမ်းရှောင်နေထိုင်ကြရပြီး မြွေဆိုးတွေပေါတာကြောင့် ကန့်ဘ လူနယ်အတွင်းမှာ မြွေဆိုးကိုက်ခံရမှု မကြာမကြာဖြစ်လေ့ရှိပါတယ်။
လက်ရှိတဦးအပါအဝင် ကိုးတောင်ဘို့တိုက်နယ်မှာ နှစ်လအတွင်း မြွေကိုက်ခံရတဲ့စစ်ရှောင် သုံးဦးအထိ ရှိတယ် လို့သိရပါတယ်။ဖေဖော်ဝါရီလဆန်းပိုင်မှာ တနေ့တည်းမြွေဆိုးကိုက်ခံရလို့ ကုသမှုခံယူရသူ နှစ်ဦးရှိခဲ့ပြီး အသက် အန္တရာယ်ကတော့လွတ်မြောက်ခဲ့ပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ရဲ့မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကိုးတောင် ဘို့တိုက်နယ် မှာ စစ်ဘေးရှောင် ငါးဆယ်နီးပါး မြွေဆိုးကိုက်ခံခဲ့ရပြီး အဲ့ဒီနှစ်ဒီဇင်ဘာတလတည်း သုံးဦးသေဆုံးခဲ့တယ်လို့ သိ ရပါ တယ်။
မြေပြင်ကျန်းမာရေးအဖွဲ့စည်းတွေဟာမြွေဆိပ်ဖြေဆေးကိုရသမျှရှာကြံပြီးဆေးကုသပေးနေရတာကြောင့်မြွေဆိပ်ဖြေဆေးအမြဲလိုအပ်နေတယ်လို့လည်းသိရပါတယ်။မြွေဆိပ်ဖြေဆေးတလုံး ကျပ်တသိန်းဝန်းကျင်အထိရှိပြီး မြွေ ကိုက်ခံရသူတဦးကို မြွေဆိပ်ဖြေဆေးအနည်းဆုံး သုံးလုံးထိုးပေးရတယ်လို့ဆိုပါတယ်။
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများ