မတ်၊ ၁၀
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မင်းကုန်းရပ်ကွက်၊လမ်း(၉၀) ၄၁/၄၂ လမ်းကြားမှာ မတ်လ (၁၀)ရက် မနက် အစောပိုင်းက မီးလောင်မှုဖြစ်လို့ နေအိမ်ကိုးလုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနဆီကသိရပါတယ်။
အဲ့ဒီမီးလောင်ကျွမ်းမှုဟာ အမဲခြောက်လုပ်ငန်း လုပ်ကိုင်သောနေအိမ်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီး သတ် ယာဉ် (၁၅)စီး၊ရေသယ်ယာဉ် (၄)စီးနဲ့ မိနှစ်(၃၀)ကြာ ငြှိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ မြို့ခံ တွေကပြောပါတယ်။
“ညက လျှပ်စစ်မီးကမလာဘူး မီးစလောင်တဲ့အိမ်က အမဲသားတွေကို ထင်းမီးနဲ့ အမဲခြောက်လုပ်တာ ဘယ် လိုက စလောင်လည်းတော့မသိဘူး၊အချိန်ကမနက်အစောပိုင်းဆိုတော့ အိပ်ကောင်းတဲ့အချိန် အခြားအိမ်တွေ မီးကူးတော့ လူတွေပဲအဓိကထား ပြေးရတာ၊ ဘာမှလည်း မယူနိုင်ခဲ့ဘူး၊ မီးကတအားများတယ် သံတိုင်လေး တွေပဲကျန်တယ် အကုန် ကုန်ပြီလို့”မီးလောင်မှုကြောင့် နေအိမ်တလုံး ဆုံးရှုံးခဲ့ရသူ တဦးက DNA ကို ပြောပါတယ် ။
မီးလောင်ကျွမ်းမှု စဖြစ်ခဲ့တဲ့ အသားခြောက်လုပ်ငန်းလုပ်တဲ့နေအိမ်ပိုင်ရှင်ကိုတော့ နယ်မြေခံရဲစခန်းက ရာဇ သတ်ကြီး ပုဒ်မ ၂၈၅နဲ့အရေးယူနိုင်ဖို့ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မဟာအောင်မြေမြို့နယ်မှာ မတ်လ (၅)ရက်ကလည်း ခြင်ဆေးခွေမီးကတဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် လေး လုံး ဆုံးရှုံးခဲ့ပါသေးတယ်။