ဇလုံကြီးဟင်းအနှစ်ထုပ်မန္တလေးအရောင်းဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီးနောက် ရန်ကုန်က ဆိုင်ရှင်ကိုလည်း ရှာဖွေနေ

မတ်၊ ၉

ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုနဲ့ ဒေသကာကွယ် ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့ က ဇလုံကြီး ဟင်းအနှစ်ထုပ်အရောင်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန် က အရောင်းဆိုင်ပိုင်ရှင်ကိုလည်း ရှာဖွေနေတယ်လို့ မြို့နယ်မှာနေထိုင်သူတွေကDNA ကို ပြောပါ တယ်။

“နေ့ခင်း တနာရီလောက်မှာ လာရှာကြတာ၊အရောင်းဆိုင်မှာလာဖမ်းတာ ပိုင်ရှင်က သတင်းတွေစထွက်တဲ့ အချိန် မှာဘဲ ရှောင်နေလိုက်တော့ မမိဘူး၊အခုလည်း ပတ်နေကြတယ်”လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်သူတဦး ကပြောပါတယ်။

မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းမှာ ဖွင့်လှစ်ထားတဲ့ ဇလုံကြီး ဟင်းအနှစ်ထုပ်ဆိုင်ကို ဒီကနေ့ မတ်လ ၉ရက် မနက် ၁၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေခဲ့တဲ့အပြင် ဆိုင်ပိုင်ရှင်ကိုဖမ်းဆီးပြီး ကုန်ပစ္စည်းတွေကိုလည်း သိမ်းဆည်းဖို့ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်က ဇလုံကြီးဟင်းအနှစ်ထုပ်အရောင်းဆိုင်ပိုင်ရှင် ကိုသော်ဇင်ဦးဟာ ၄၀ အထက်ဘလောက်၊ အိမ် အမှတ် ၂၆၉၊မြေညီထပ်မှာ နေထိုင်တယ်လို့ စစ်ကောင်စီလော်ဘီ ချန်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦးက တယ်လီ ဂရမ်ချန်နယ်မှာ တင်ခဲ့ပြီးတဲ့နောက်  အခုလိုလာရောက်ရှာဖွေတာတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုဟာ အမေရိကန်နိုင်ငံမှာ စတိုးဆိုင်တခုဖွင့်လှစ်ခဲ့ပြီး အဲ့ဒီ ဆိုင်မှာ ဇလုံကြီးဟင်းအနှစ်ထုပ်တွေလည်း တင်ရောင်းဖို့ စီစဉ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုလောဘီ ချန်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦးတယ်လီဂရမ်က ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင် ရှင် တွေကို ဖမ်းဆီးဖို့ရေးသားဖော်ပြခဲ့ပါတယ်။ အခုလို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးတာ တွေ လုပ် ဆောင်နေတာကြောင့် လက်ရှိမှာ ဖေ့ဘွတ်ဆယ်လီ ပန်ဆယ်လိုရဲ့အရောင်းဆိုင်မှာခင်းကျင်းပြသထားတဲ့ ကုန် ပစ္စည်းအမှတ်တံဆိပ်ပိုင်ရှင်တချို့လည်း တိမ်းရှောင်နေကြပြီလို့ နီးစပ်သူတွေကပြောပါတယ်။

“သိရသလောက်တော့ ခင်ထွေးရီမုန့်ဟင်းခါးအနှစ်ထုပ်အရောင်းဆိုင်ပိုင်ရှင်တွေလည်း တိမ်းရှောင်နေကြပြီ ကြား တယ်၊တချို့ကကျတော့လည်း မရှောင်ဘဲရင်ဆိုင်ဖို့ပြင်နေကြတယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့အတွင်းက အရောင်းဆိုင်ငယ်အချို့မှာလည်း ဇလုံကြီးဟင်းအနှစ်ထုပ်နဲ့ ခင်ထွေးရီ မုန့်ဟင်းခါး အနှစ်ထုပ်တွေကိုရောင်းချမှုရပ်ဆိုင်းထားပြီး ကုန်ပစ္စည်းတွေကို ဖယ်ရှားတာတွေလုပ်ဆောင်နေရတယ်လို့ သိရ ပါတယ်။