စစ်အာဏာသိမ်းမှုအောက်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုက အမျိုးသမီးတွေကတော့ ဒီကနေ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေနဲ့ အာဏာသိမ်းမှုကို ဆက်ပြီးဆန့်ကျင်နေပါတယ်။

သပိတ်စစ်ကြောင်းတွေအပြင် အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအရေးပါပုံတွေကို ဟောပြောတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းဖမ်းဆီးခံရတဲ့အမျိုးသမီး ၄၀၀၀ ကျော်ရှိသလို စစ်တပ်ရဲ့ ဖိနှိပ်မှုကြား အမျိုးသမီး ၄၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သေဆုံးတဲ့ အမျိုးသမီးတွေထဲမှာတော့ စစ်ကိုင်းတိုင်းက အမျိုးသမီးတွေ အများဆုံးဖြစ်နေတာကို AAPP ကထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ဓာတ်ပုံ – CJ