တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။

ဒီကနေ့ တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး NUG ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကချင်ပြည်နယ်၊ ဖားကန့်နဲ့မကွေးတိုင်းမြိုင်တို့မှာလည်း စစ်အာဏာ ရှင်ကိုဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်း တိုင်းက ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းက မြို့နယ်(၁၄)ခုမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး အဲ့ဒီမြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်းဒေသအနှံ့မှာ စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့မှုတွေ နေ့စဉ်လုပ်နေပေမယ့် လူထုသပိတ်လှုပ်ရှားမှု တွေဟာ ရပ်တန့်မသွားပါဘူး။

စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး ​စတဲ့ မြို့နယ်တွေမှာဒီကနေ့ သပိတ်လှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သ ပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ – သပိတ်ကော်မတီများ