မတ်၊ ၇
မကွေးတိုင်း၊ရေနံချောင်းမြို့၊ညောင်လှဆိပ်ကမ်းမှာ ရေဆင်းကူးရာက ဒေသခံကိုးဦး ရေနစ်ခဲ့ပြီး ငါးဦးကို ကယ် ဆယ်နိုင်ခဲ့ပေမယ့် လေးဦးကတော့ ရေနစ်ပျောက်ဆုံးသွားတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိ ရပါတယ်။
ပျောက်ဆုံးသူ လေးဦးထဲက တဦးရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ မတ်လ ၇ ရက် မနက်ပိုင်းမှာ ပြန်လည်ရှာ ဖွေ တွေ့ရှိခဲ့တယ်လို့ မကွေးမြို့ ရောင်စုံမေတ္တာ ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“မြို့ခံအသင်းတွေနဲ့ ချိတ်ဆက်ပြီး ကယ်ဆယ်ရေးပစ္စည်းအစုံနဲ့ မနေ့ထဲက ရှာကြတာ၊ ညနက်တဲ့အထိပဲ ဒီနေ့ အ စောပိုင်းတည်းက ရှာတာ ၁၁နာရီကျော်လောက်မှာ ကလေးအလောင်း တခု ရှာတွေ့ခဲ့တယ်၊ ကျန်တဲ့သူတွေ ကို လည်း ရှာနေပါတယ်”လို့သူကပြောပါတယ်။
ရေဆင်းကူးရင်း ရေနစ်သူတွေဟာ ရေနံချောင်းမြို့ ဘေးမဲ့ရပ်ကွက်မှာနေထိုင်တဲ့ ကလေးတချို့နဲ့ လူငယ်တွေ ဖြစ် ပြီး ပျောက်ဆုံး နေသူလေးဦးထဲ အသက်ငါးနှစ်နဲ့ ခြောက်နှစ် အရွယ်ရှိတဲ့ ကလေးနှစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ ငါးနှစ်အရွယ်မောင်ထိန်လင်းဖြိုးရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းပြန်ရှာတွေ့ခဲ့တာလို့ သိရပါတယ်။
ကလေးတချို့လူငယ်တွေစုစုပေါင်း ကိုးဦးဟာ ဧရာဝတီထဲ မြစ်ထဲ မနေ့ကညနေပိုင်းမှာ ရေဆင်းကူးကြရာက ရေ နစ်ခဲ့ကြတာဖြစ်ပြီး အနီးဝန်းကျင်မှာ ရေချိုးနေသူတွေက ငါးဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် လေးဦးကတော့ ပျောက်ဆုံးခဲ့တာပါ။
ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်မှာလည်း မနေ့ကရေနစ်မှုတခုဖြစ်လို့ အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာက ရေကန်ထဲ အမျိုးသမီး နှစ်ဦး ရေဆင်းဆော့ရာက ရေနစ်သေဆုံးခဲ့ပြီး ဒီကနေ့ မနံနက်ပိုင်းမှာ ရုပ်အလောင်းတွေ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။