မတ်၊ ၆
• မြန်မာနိုင်ငံတော် လွတ်လပ်ရေးမရမီက တိုင်းရင်းသား ချင်းလူမျိုးတို့အား တောင်တန်းသားများဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်၌မူကား နိုင်ငံတော်အစိုးရသည် ချင်းဝိသေသတိုင်း ဟူ၍ စုစည်းတည်ထောင်ကာ ပြည်မကြီးနည်းတူ အုပ်ချုပ်မှုအခွင့်အရေးများကို ချင်းလူမျိုးတို့အား ပေးအပ်ခဲ့လေသည်။
• ချင်းဝိသေသတိုင်း ဆိုသည်မှာ ရှေးက ချင်းတောင်ခရိုင်ဟု ခေါ်သော ခရိုင်နှင့် ရခိုင်တောင်တန်းနယ်များကို ပေါင်းစပ်ထားသော အထူးတိုင်းဖြစ်လေသည်။
• ချင်းဝိသေသတိုင်း တစ်ခုလုံးမှာ တောင်ထူထပ်ပေါများသည်။ ကုန်းပြန့် မြေပြန့် မရှိသလောက်ပင် ဖြစ်၏။
• ပြည်ထောင်စု မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့နှင့် အစပ်ဖြစ်သော ဒေသတွင် ဝိသေသတိုင်းတစ်ခုအဖြစ် ဖွဲ့စည်းနေထိုင်၍ စစ်မှုထမ်းရာတွင် နာမည်ကျော်ကြားပေသော ချင်းလူမျိုးတို့မှာ မြန်မာ၊ ကချင်၊ ကရင်စသော အခြားပြည်ထောင်စုသားများနည်းတူ တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုကြသည့် တိုင်းရင်းသားများ ဖြစ်ကြသည်။ ယင်းလူမျိုးတို့ကို ရှေးဟောင်းအာသံ စကားဖြင့်လည်းကောင်း၊ ဘင်္ဂါလီဘာသာဖြင့်လည်းကောင်း ကုကီလူမျုးဟု ခေါ်ကြသည်။ ပုဂံခေတ် ရှေးဟောင်း ကျောက်စာများတွင် အနောက်ဘက်ဒေသတ တောင်များပေါ်တွင် နေထိုင်ကြသူတို့ကို “ချင်” ဟု ရေးထိုးကြသည်။
• ဧရာဝတီမြစ်၏ အကြီးဆုံးလက်တက် ဖြစ်သော မြစ်ကို ထိုခေတ်က ချင်းတွင်း သို့မဟုတ် ခင်တွင် ဟု ရေးထိုးကြ၏။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) စာအုပ်၊ ချင်းပြည်နယ် / ချင်းလူမျိုး အကြောင်းအခန်း၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။