သပိတ်ပစ်ခတ်ဖြိုခွဲခံရမှုနှစ်ပတ်လည်နေ့ မြောက်ဥက္ကလာမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရ

မတ်၊ ၄

ရန်ကုန်မြို့၊ မြောက်ဥက္ကလာအဝိုင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ် ပစ်ခတ်ဖြိုခွဲခံရတဲ့ နှစ်နှစ်ပြည့် မတ် လ ၃ရက်ညပိုင်းက ကျောက်ရေတွင်း တံတားအနီးမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ကျောက်ရေတွင်းတံတားအနီးမှာ စစ်ကောင်စီရဲ့ DC ရဲကားသုံးစီးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂က စစ်ရေးတာဝန်ခံ မုန်တိုင်းက DNA ကိုပြောပါတယ်။

“ထိခိုက်မှုတော့ မသိရသေးပါဘူးခင်ဗျ၊အားရကျေ နပ်မှုရှိပါတယ်၊အညာဘက်ကလို စခကားတွေကို မိုင်းဆွဲ သလို ကျွန်တော်တို့ မြို့ပေါ်မှာလုပ်ဆောင်လာနိုင်တဲ့အတွက်ကျေနပ်မိပါတယ်”လို့ သူကပြောပါတယ်။

ဖောက်ခွဲတိုက်မှုကို မနေ့က ညရှစ်နာရီကျော်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ DC ကား သုံးစီးဟာ ကျောက်ရေတွင်းကုန်းကျော်တံတားအနီးက စိန်ပန်းမြိုင်ရဲရိပ်သာ(ယာဥ်ထိန်း)ရုံးထဲကို ပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းလေးလုံးအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိ ခိုက်မှုရှိနိုင်ပေမယ့် လုံခြုံရေးအခြေအနေအရ အဖွဲ့ဝင်တွေ ပြန်ပြီးဆုတ်ခွာခဲ့ရတဲ့အတွက် ထိခိုက်မှုအတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မြောက်ဥက္ကလာကမြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ North Okkalapa Information ကတော့ မနေ့က ညရှစ်နာရီကျော်က စိန်ပန်းမြိုင်ရဲရိပ်သာအနီးမှာ ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့်နှစ်ဦးထိ ခိုက်ပြီး DCကားတစ်စီးပျက်စီးမှုရှိခဲ့တဲ့အခြေ အနေရှိခဲ့တယ်လို့ မြောက် ဥက္ကလာပမြို့နယ်၊(ဃ) ရပ် ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

“အဲ့ဒီစိန်ပန်းမြိုင်နားက လူနေရပ်ကွက်နဲ့နည်းနည်းအလှမ်း ဝေးတော့ အတိအကျမသိဘူး၊ပေါက်ပြီးတော့ အဲ့အ ထဲကို အရေးပေါ်ကားနှစ်စီးနဲ့စစ်ကားတွေဝင်သွားတာတော့ တွေ့လိုက်တယ်၊ပြီးတော့ပြန်ထွက်လာပြီး ​မြောက် ဥက္ကလာဆေးရုံဘက်ကိုထွက်သွားတယ်၊ထိတာ ယာဥ်ထိန်းရဲတွေပဲဖြစ်ဖို့များတယ်၊စစ်တပ်က အဲ့အထဲမှာ သိပ်မရှိဘူး”လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့အနီးဝန်းကျင်နဲ့ စိန်ပန်းမြိုင်ယာဥ်ထိန်းရဲရိပ်သာရဲ့အရှေ့မျက်နှာစာတစ်ဝိုက်မှာ မပေါက်ကွဲ သေးတဲ့မိုင်းနဲ့ မိုင်းထောင်ထားတာရှိ၊မရှိစစ်ကောင်စီဘက်က စစ်ဆေးမှုတွေလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် တလကျော်အကြာ ၂၀၂၁ခုနှစ် မတ်လ ၃ရက်က မြောက်ဥက္ကလာအဝိုင်း သုဓမ္မာလမ်း မပေါ်မှာ အာဏာသိမ်းမှုလက်မခံကြောင်း ဆန္ဒပြနေကြတဲ့ လူထုကို စစ်ကောင်စီက ကျည်အစစ်သုံးပြီး ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ဆယ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။ 

ပုံစာ – အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြောက်ဥက္ကလာ က သပိတ်စစ်ကြောင်းတစ်ခု