တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 2, 2023 နိုင်ငံရေး မတ်၊ ၂ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာလူငယ်တွေက ပျောက်ကြားသပိတ် ဆင်နွဲခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ဘုတလင် စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသလို မန္တလေးပြည်ကြီးတံခွန်၊ မကွေးတိုင်း မြိုင်နဲ့ ထားဝယ်လောင်းလုံဒေသမှာလည်း သပိတ်လှုပ်ရှားမူတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ Photo – သပိတ်ကော်မတီများ လူထုသပိတ်
နိုင်ငံရေး “ငါတို့ကို အိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကို အိပ်စက်ခွင့်မပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ် October 27, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၂၇ စစ်ကောင်စီ စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်က ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀၀ ကြာမြင့်ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ပြည်သူချစ်သော မွေးနေ့ရှင် June 19, 2023 နိုင်ငံရေး ဇွန်၊ ၁၉ “ ကမ္ဘာပေါ်မှာ Happy Birthday လို့ ပြောရုံ၊ ရေးရုံနဲ့ ဖမ်းတဲ့နိုင်ငံ ရှိတယ် ” လို့များ တယောက်ယောက်က ပြောလာခဲ့ရင် ဒါဟာအမှန်ပဲလို့ လက်ခံလိုက်ပါ…။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး စစ်ရှောင်တွေအတွက် ရံပုံငွေရှာတဲ့ ကျေးလက်ဖျော်ဖြေပွဲ October 24, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၂၄ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းဟာ အခုလအတွင်း ဒေသတွင်းကျေးရွာတချို့မှာ လှည့်လည်ကပြ ဖျော်ဖြေရင်း စစ်ဘေးရှောင်တွေအတွက် ရံပုံငွေရှာဖွေနေပါတယ်။ “ တော်လှန်ရေး အနုပညာရံပုံငွေ ” လို့ ခေါင်းစဉ်တပ်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]