မတ်၊ ၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်က ချပ်သင်းပျူရွာက စစ်ကောင်စီစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးပြန်လည်ဆုတ်ခွါခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောကြားပါတယ်။
စစ်ကောင်စီတပ်သား ၈ယောက်၊ ရဲနှစ်ယောက်နဲ့ ပျူစောထီ ၃၆ယောက် စုစုပေါင်း ၄၆ယောက် ရှိတဲ့ အဲဒီစခန်းကို KN2တပ်ရင်း၊ တောညီနောင် တော်လှန်ရေးအဖွဲ့နဲ့ ချပ်သင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
“ဒီကနေ့မနက် ၅နာရီခွဲက တိုက်တာ။ မနက်၈နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တာ။ ၈နာရီခွဲမှာ ပြန်လည်ဆုတ်ခွါခဲ့ပါတယ်”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကိုညီက DNAကို ပြောပါတယ်။
ဒါပေမယ့် မနက် ၈ခွဲလောက်မှာ ပိတောက်ပင်ရွာနားကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ၂ချက်ပစ်ပြီး အမြောက်တပ်ရင်း ၆၀၀၆ထဲကို ဆင်းသွားပြီး မွန်းလွဲ ၃နာရီ ၊ ၁၀မိနစ်ခနိ့ကလည်း ဝပ်သအင်းရွာကို ထပ်မံတိုက်ခိုက်ခဲ့တယိလို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံး မသိရသေးပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ချပ်သင်းတိုက်နယ်ဟာ တစ်နှစ်ပတ်လုံး စစ်ရှောင်နေရတဲ့ နယ်မြေဒေသတစ်ခုဖြစ်သလို ချပ်ကြီးရွာမှာ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတာဟာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်တာကြောင့် ကျေးရွာထဲမှာ ပျုူစောထီးကလွဲပြီး ပြည်သူတွေဟာ တောထဲတွေမှာ စစ်ရှောင်နေရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျွန်းလှမြို့နယ်ကို မနေ့ကနေစတင်ပြီး ဝင်ထွက်သွားလာခွင့် ၃ရက်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ် ။
“မန္တလေးဘက် အဝင်အထွက်ပဲ လက်ခံတယ် လို့သိရတယ်။ ကျန်တဲ့ဘက် အကုန်ပိတ်ထားတယ်။ ဘာမှတော့ အတိအကျမသိရဘူးဗျ။ အရင်ကတော့ နယ်ဘက်တွေကို ရိက္ခာဖြတ်ဖို့ အဲ့ဒီလိုလုပ်ဖူးတယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က DNAကို ပြောပါတယ်။
ကျွန်းလှမြို့တွင်းမှာလည်း စစ်ကောင်စီက လက်နှက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးမှုးတွေက လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။
“အရင်ကတော့ မြို့သေးပေမယ့် အရောင်းအဝယ်အရမ်းဖြစ်တယ်ဗျ။ နယ်အစုံက ဈေးဝယ်လာကြတယ်။ အခုတော့ ဈေးဝယ်မရှိဘူး။ အခုလိုပိတ်တာတွေ လုပ်တော့ စီးပွါးမဖြစ်အရောင်းအဝယ်မကောင်းဘူး”လို့လည်း သူကပြောပါတယ်။
အခုလို မြို့အဝင်အထွက်သွားလာခွင့်အားလုံး ၃ရက်ကြာ ပိတ်ထားတာနဲ့ ပါတ်သတ်ပြီး ဘာအတွက်ကြောင့် ပိတ်ထားတယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က သတင်းထုပ်ပြန်တာမရှိဘူးလို့လည်း သ်ိရပါတယ်။
Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့