ဆွစ်ဇာလန်အခြေစိုက် Nestle စားသောက်ကုန်လုပ်ငန်း မြန်မာနိုင်ငံကထွက်ခွါမယ်

ဖေဖော်ဝါရီ၊ ၂၈
 
ဆွဇ်ဇာလန်နိုင်ငံအခြေစိုက် စားသောက်ကုန် ထုတ်လုပ်တဲ့ Nestleဟာ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ မနေ့က ဖေဖော်ရီ ၂၇ရက်က ထုတ်ပြန်လိုက်ပါတယ်၊၊
 
မြန်မာနိုင်ငံရဲ့ လက်ရှိ မတည်ငြိမ်တဲ့ ပြည်တွင်းစီးပွားရေးအခြေနေတွေကြောင့် အခုလို ရပ်နားလိုက်ရတာ ဖြစ်တယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်၊၊
 
အဆိုပါ Nestal ကုမ္ပဏီဟာ ကော်ဖီ၊ မိုင်လို၊ Maggi ခေါက်ဆွဲခြောက်၊ ဖြည့်စွက်စာ အစရှိတဲ့ အသင့်စား စားသောက်ကုန်တွေ ထုတ်လုပ်နေတာဖြစ်ပါတယ်။ လုပ်ငန်းတွေကို မြန်မာမှာ ရပ်ဆိုင်းပြီးရင် အိမ်နည်းချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကနေ အစားထိုး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်၊၊
 
Nestleရဲ့ ပြောကြားချက်အရ ၄င်းရဲ့ စက်ရုံနဲ့ရုံးချုပ်တို့မှာ ဝန်ထမ်းပေါင်း ၁၃၈ဦး ရှိပြီး အခုလို ဆုံးဖြတ်လိုက်ရတဲ့အတွက် နစ်နာထိခိုက်သူတိုင်းကိုလည်း ၄င်းတို့အနေနဲ့ တတ်နိုင်သမျှ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်၊၊
 
Nestleရဲ့ ဝန်ထမ်းတဦးက “ရောင်းအားကတော့ ကျသွားပါတယ်။ အဓိက ရောင်းနေရတဲ့ ပစ္စည်းတွေ ပျက်နေတာလည်း ပါတာပေါ့။ Nestle ဘက်ကတော့ ၀န်ထမ်းတွေကို အရင်လ လယ်လောက်က ကြိုပီး အသိပေးထားပါတယ်။ နားမှာက မတ်လကုန်မှ နားမှာပါ။ အလုပ်ရှာချိန်ရအောင် ကြိုပြောပေးပါတယ်၊၊ ၀န်ထမ်းတွေရဲ့ လုပ်သက်ပေါ်မူတည်ပီး နစ်နာကြေးတွေလည်း ပေးသွားမယ်လို့ ပြောပါတယ်၊ အခက်ခဲကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ တခြားအလုပ်ရှာရမာပေါ့ အလုပ်တွေက ရှားနေတော့ တော်တော်တော့ ရှာရမယ်ထင်တယ်”လို့ DNAကို ပြောပါတယ်။
 
မြန်မာပြည်အနှံ့ ကုန်ပစ္စည်း ဖြန့်ချိနေတဲ့ ကုန်သည်တဦးကလည်း “ဖြန့်ချီရေး ကိုယ်စားလှယ် ဖြုတ်လိုက်တာ ၃လရှိပြီ။ အရင်က အရမ်းရောင်းရခဲ့တာ စျေးတက်လာတဲ့နောက် ရောင်းအားက မငြိမ်ဘူး။ အချို့ဟာတွေက EXPIRE ထိကုန်တော့ မကိုက်တော့ဘူးပေါ့။ ပစ္စည်းကုန်ကြမ်းက မသွင်းခင် လိုင်စင်တင်ရတာရယ်။ ငွေစျေး အတက်အကျ၊ မီးပျက်တာနဲ့ ဆိုတော့ ကွာလတီလျှော့လိုက်တာတောင် မကိုက်တော့လို့ ဒီနှစ်ဘတ်ဂျက်ကို ဧပြီလမှာ တရားဝင်ရပ်တော့မယ်လို့ ကြားရတယ်”ဟု ဆိုပါတယ်။
 
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်သက်တဲ့ မြန်မာ့နိုင်ငံရေးအခြေနေတွေနဲ့ စီးပွားရေးအခြေအနေတွေကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေးထွက်ခွာလာကြပြီး အဲ့ဒီထဲ စွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ TotalEnergies၊ Chevron နဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီလည်း ပါဝင်ပါတယ်။
 
စစ်တပ်အာဏာသိမ်းတဲ့ ၂နှစ်ကျော်ကာလမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထွက်ခွါသွားသလို လူတသန်းကျော်လည်း အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခဲ့ပါတယ်။